
စစ်အာဏာရှင်ကို တရားဓမ္မနဲ့ တော်လှန်နေခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟဟာ ဒီနေ့ နံနက်ပိုင်းမျာ ဘဝနတ်ထံ ပျံလွန်တော် မူသွားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၀ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့၊ အာရှတော်ဝင် ပုဂ္ဂလိက ဆေရုံးမှာ ဆရာတော်ဟာ အသည်းရောဂါနဲ့ ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မှုချိန်မှာ သက်တော် ၆၁ နှစ်၊ ဝါတော် ၂၇ ဝါရှိပါပြီ။
ဆရာတော်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖော်ဝါရီလ ၁ ရက်နေ့က ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှာ ရန်ကုန်အင်းစိန်အကျဉ်ထောင်ကနေ ပြန်လွတ်လာတာဖြစ်ပါတယ်။
ရွှေညဝါ ဆရာတော်ဟာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့ထဲရှိ သာဓုပရိယတ္တိ စာသင်တိုက်က ကျောင်းထိုင်နာယက ဖြစ်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက် ၈ နာရီခန့်မှာလည်း ထင်းရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ နာမည်ကျော်စာရေးဆရာ မောင်သာချိုဟာ ပင်လုံဆေးရုံးမှာ ကွယ်လွန်သွားတယ်လို့ စာပေအသိုင်းအဝိုင်းထံမှ သိရပါတယ်။
ဆရာ မောင်သာချိုဟာ အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီလ ၁ ရက်က ပုဒ်မ ၅၀၅ – က နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဓါတ်ပုံ – CJ