
နိုင်ငံအောက်ပိုင်းက ဧရာဝတီနဲ့ သံလွင်အပါအဝင် မြစ် ၈ မြစ်မှာ ရေကြီးရေလျံမှုတွေကြောင့် မြစ်ဘေးနားက မြို့ကြီး ၁၂ မြို့ထက်မနည်းမှာ မြစ်ရေကြီးမှုဖြစ် ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီ မိုးဇလက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဆိပ်သာမြို့၊ ဟင်္သာတမြို့ နဲ့ ဇလွန်မြို့တွေဟာ ဧရာဝတီမြစ်ရေးကြီးမှုဒဏ် ခံနေရပါတယ်။ ဆိပ်သာမြို့ဟာ လာမယ့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်ကျဆင်းနိုင်ပေးမယ့် ကျန် ၂ မြို့ကတော့ လာမယ့်ရက်တွေအတွင်း စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလက ဒီနေ့ ဇူလိုင်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မဒေါက်မြို့ဟာ စစ်တောင်းမြစ်ရေကြီးမှုကြောင့် စိုးရိမ်ရေအမှတ်ထက် ၆ ပေခွဲ ကျော်လွန်နေပြီး လာမယ့် ၁ ရက်အတွင်း ၄ လက်မခန့် ဆက်လက်မြင့်တင်နိုင်လို့ စိုးရိမ်ရေးမှတ်အထက် ဆက်လက်တည်ရှိနေပါမယ်။
ရွှေကျင်မြို့ဟာ ရွှေကျင်မြစ်ရေကြီးမှုကြောင့် စိုးရိမ်ရေအမှတ်ထက် ၆ ပေခွဲကျော်နေပြီး နောက်ရက်မှာလည်း စိုးရိမ်ရေးမှတ်မှာ ဆက်လက်တည်ရှိနေပါဦးမယ်။
ပဲခူးမြို့ဟာလည်း ပဲခူမြစ်ရေကြီးမှုကြောင့် စိုးရိမ်ရေအမှတ်ထက် ၃ ပေ ကျော်ရှိနေပြီး လာမယ့် ၁ ရက်အတွင်း ၁ ပေခန့်ဆက်လက်မြင့်တက်နိုလို့ စိုးရိမ်ရေးအမှတ်အထက် ဆက်ရှိနေပါမယ်။
ဘားအံမြို့ဟာ သံလွင်မြစ်ရေကြီးမှုကြောင့် စိုးရိမ်ရေအမှတ်ထက် ၆ ပေခွဲကျော်နေပြီး လာမယ့် ၁ရက်မှာ ၁ ပေခန့် မြင့်တက်နိုင်လို့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပါမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မြဝတီမြို့ဟာ သောင်းရင်းမြစ်ရေကြီးမှုကြောင့် စိုးရိမ်ရေအမှတ်ထက် ၂ ပေခွဲ ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေးမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါတယ်။
ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့ဟာ ငဝန်မြစ်ရေကြီးမှုကြောင့် စိုးရိမ်ရေအမှတ် ကျော်လွန်နေရာမှ လာမယ့် ရက်တွေအတွင်း စိုးရိမ်ရေးမှတ်အထိ ဆက်လက်တည်ရှိနေပါတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒါအပြင် လာမယ့် ဩဂုတ်လအတွင်း ဧရာဝတီ၊ ချင်းတွင်းစတဲ့ မြစ် ၁၁ မြစ်တို့ရဲ့ မြစ်ရေကြီးမှုကြောင့် မြစ်ဘေးအနီးက မြို့ပေါင်း ၂၅ မြို့ထက် မနည်းဟာ မြစ်ရေကြီးမှုဒဏ် ထပ်မံ ခံရလိမ့်ဦးမယ်လို့ စစ်ကောင်စီ မိုးဇလက ဒီနေ့ ဇူလိုင်လ ၂၈ ရက်မှာ ထပ်မံသတိပေးထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့ဟာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် လာမယ့်လအတွင်း ၁ ကြိမ်ခန့်စီ ထပ်မံ ရေဘေးသင့်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့တို့ဟာ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဩဂုတ်လအတွင်း ၁ ကြိမ်ခန့်စီ ထပ်မံရေဘေးသင့်နိုင်တယ်လို့ ဆိုပါတယ်။
တောင်ငူမြို့နဲ့ မဒေါက်မြို့တို့ဟာ စစ်တောင်းမြစ်ကြောင့် ၁ ကြိမ်ခန့်၊ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ပုသိမ်းမြို့တို့ဟာ ငဝန်မြစ်ကြောင့် ၁ ကြိမ်ခန့် လာမယ့်လမှာ ရေကြီးမှု ထပ်မံဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
မြစ်ငယ်မြို့ဟာ ဒုဌဝတီမြစ်ရေကြီးမှုကြောင့် ၁ ကြိမ်ခန့်၊ပဲခူးမြို့ဟာ ပဲခူးမြစ်ရေကြီးမှုကြောင့် ၁ကြိမ်ခန့် ၊ ရွှေကျင်မြို့ဟာ ရွှေကျင်မြစ်ရေကြီးမှုကြောင့် ၁ ကြိမ်ခန့်၊ ဘားအံမြို့ဟာ သံလွင်မြစ်ရေကြီးမှုကြောင့် ၁ ကြိမ်ခန့်၊ မြဝတီမြို့ဟာ သောင်းရင်မြစ်ရေကြီးမှုကြောင့် ၁ ကြိမ်ခန့်၊ မအူပင်မြို့ဟာ တိုးမြစ်ရေကြီးမှုကြောင့် ၁ ကြိမ်ခန့်၊ ဘီးလင်းမြို့ဟာ ဘီးလင်းမြစ်ရေကြီးမှုကြောင့် ၁ ကြိမ်ခန့်စီတိုဟာ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက သူဌေးချောင်းဆည်ရေဟာလည်း စိုးရိမ်ရေမှတ် အနီရောင်အဆင့်ထက် ကျော်လွန်နေမှုကြောင့် ဆည်ရေစီးကြောင်းတစ်လျှောက်က ရွာတွေအနေနဲ့်ချက်ချင်းပြောင်းကြဖို့ ULA/AA က က အရေးပေါ်ထုတ်ပြန်ထားပါတယ်။