Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ဖယောင်းတောင်ရွှေတွင်းကို တော်လှန်ရေးဘက်က လက်လွှတ်ရပြီးနောက် ဆက်လက်ထိုးစစ်ဆင်မယ်လို့ ဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဖယောင်းတောင် ရွှေသတ္တုတွင်းဒေသနဲ့ အယ်ဖာဘိလပ်မြေစက်ရုံတို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွတ်လိုက်ရပြီးနောက် အဲဒီဒေသတွေကို ဆက်လက်ထိုးစစ်ဆင်မယ်လို့ စစ်ကော်မရှင်ဘက်က မနေ့က ဩဂုတ်လ ၂၈ ရက်က ကြေညာပါတယ်။

စစ်ကော်မရှင်တပ်ဟာ အဆိုပါနေရာတွေကို ပြန်လည် ရရှိရေးအတွက် ဒီနှစ် ဇူလိုင်လ ၂၁ ရက်မှ စတင်လို့ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၄ ရက်မှာ ဖယောင်းတောင်သတ္တုတွင်းဒေသနဲ့ ဩဂုတ်လ ၂၈ ရက်မှာ အယ်ဖာဘိလပ်မြေစက်ရုံတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

မန္တလေး – PDF ပြောရေးဆိုခွင့်ရှိသူကလည်း ဖယောင်းတောင်ရွှေတွင်းဒေသတွေကနေ ခွာစစ်ဆင်ထားတယ်လို့ သတင်းဌာနတချို့ကို အတည်ပြုထားပါတယ်။

တအာင်းတပ် (TNLA) နဲ့ မန္တလေး – PDF တို့ ထိန်းချုပ်ထားတဲ့ အဆိုပါဒေသတွေကို ပြန်လည်း ရရှိရေးအတွက် စစ်ကော်မရှင်တပ်တွေဟာ ၁ လနဲ့ ၇ ရက်ကြာအောင် ထိုးစစ်ဆင်ခဲ့ရပြီး တိုက်ပွဲကြီးငယ် ၂၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဒေသတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မတ္တရာ – ဘိုကုန်း- ကျောက်တံတားဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ မြကန်သာကျေးရွာဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ ပန်းစလောင်းတောင်ဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ ဘိုင်ပင်ရွာဘက်မှ စစ်ကြောင်း ၁ကြောင်း စတဲ့ စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်တယ်လို့ သိရပါတယ်။

မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်အကြားက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ ဆိုပါတယ်။

ဖယောင်းတောင်ရွှေတွင်းနေရာတွေကို မန္တလေး – PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်လ ၆ ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဖယောင်းတောင် ရွှေတွင်းတွေဟာ အာဏာသိမ်း စစ်ကောင်စီခန့် ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်တယ်လို့ Myanmar Now က ရေးသားထားပါတယ်။

အဆိုပါရွှေတွင်းကို အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနဲ့ ဦးမောင်ကိ ပိုင်ဆိုင်တဲ့ Myanmar Golden Point Family ကုမ္ပဏီတို့က အကျိုးပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး ဧက ၅၄၀၀ ကျော် ကျယ်ဝန်းတဲ့ အဆိုပါရွှေတွင်းဟာ ရွှေနဲ့ သတ္တုရောရော စုစုပေါင်း ခန့်မှန်းခြေ သတ္တုတန်ချိန် တန် ၄၇,၀၀၀ ထွက်နိုင်တယ်လို့ ဆိုပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature