Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယဉ်ကျေးမှု

ရှမ်းမြောက်ရဲ့ ကြားကာလအမွေအနှစ် ဂုတ်ထိပ်တံတားပျက်စီးမှု နှမြောဝမ်းနည်းတယ်လို့ IBHA ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်ဖြစ်တဲ့ ဂုတ်ထိပ်တံတား ပျက်စီးမှုအတွက် နှမြောဝမ်းနည်းပြီး ဖျက်စီးခဲ့တဲ့ စစ်ကော်မရှင်တပ်ကို ပြင်းထန်စွာ ရှုံချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA)က ကြေညာသည်။

ဩဂုတ်လ ၂၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဂုတ်ထိပ်တံတားကို ဗုံးခွဲဖျက်ဆီးခြင်းခံရမှုနဲ့ပတ်သက်လို့ တအာင်းတပ် (TNLA)ဟာ စစ်မှုအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်အဖြစ် ကြေညာချက် (၆/၂၀၂၄) ပါ တားမြစ်ချက်တွေကို ကျူးလွန်မှု မရှိဘူးလို့ IBHA က ဩဂုတ်လ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်က စစ်ရေး၊ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ ကျူးလွန်ခြင်းဖြစ်တယ်လို့ IBHA က ကြေညာပါတယ်။

တအာင်းတပ် (TNLA)ရဲ့ တာဝန်ရှိသူတို့ရဲ့ ဖြေကြားချက်တွေအရ မိမိတို့ နယ်မြေအမွေအနှစ်အပေါ် ချစ်ခင်မြတ်နိုးလို့ ပြုပြင်ထိန်းသိမ်းဖို့သာ ဆန္ဒရှိတယ်လို့ သိရပါတယ်။

ဂုတ်ထိပ်တံတား ဖျက်စီးခံရမှုနဲ့ပတ်သက်လို့ ကြေညာချက် ၆/ ၂၀၂၄ ပါ အရေးယူမှုတွေ ပြုလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ညီနောင်မဟာမိတ်တို့ရဲ့ အမွေအနှစ်တွေကို ပူးပေါင်းကာကွယ်သွားမယ်လို့ IBHA က မနေ့က ကြေညာလာတာပါ။

ဂုတ်ထိပ်တံတားရဲ့ တစ်ဖက်စီမှာ တအာင်းတပ် (TNLA) နဲ့ စစ်ကော်မရှင်တို့ နေရာယူတပ်စွဲထားကြပြီး လက်ရှိမှာ တအာင်းတပ် (TNLA) ဘက်က တံတားအစိတ်အပိုင်းတချို့ ဖျက်စီးခံရတာဖြစ်ပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ တအာင်းတပ် (TNLA) က ဂုတ်ထိပ်တံတားကို မိုင်းထောင်ဖောက်ခွဲလို့ ဖျက်စီးခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ လက်တုန့်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး- လားရှို့းရထားလမ်းပေါ်မှာ ရှိတဲ့ ဂုတ်ထိပ်တံတားကို တအာင်းတပ် (TNLA)က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက် ပြုလုပ်နေလို့ NUG အစိုးရ၊ IBHA က မဟာမိတ်တို့နဲ့ ညှိနှိုင်းပြီး ဂုတ်ထိပ်တံတားနဲ့ တံတားအနီး သဘာဝဝန်းကျင်းကို ရှမ်းမြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်စာရင်း – ၁ မှာ စစ်မှုအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်အဖြစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်က ကြေညာခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်က ဂုတ်ထိပ်တံတား၊ ဘော်ကြိုဘုရား၊ သီပေါဟော်နန်းနဲ့ နမ္မတူဘော်တွင်းမိုင်းတို့ကို ရှမ်းမြောက်ပိုင်းက ကြားကာလအမွေအနှစ်များ အပိုင်း – ၁ အဖြစ် သတ်မှတ်ပြီး တားမြစ်ကန့်သတ်မှုတချို့ကို ချမှတ်နိုင်ခဲ့ပါတယ်။

အဆိုပါအချက်မှာ (က) ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း စစ်ရေးပြုလုပ်ခြင်း၊ (ခ)စစ်ရေးပြုလုပ်ရန်အတွက် စခန်းနေရာချထားခြင်း၊ (ဂ) လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်းစီးခြင်း စတဲ့ ပျက်စီးရန် ဆောင်ရွက်ခြင်း၊ (ဃ) ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ (င) ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပုံစံပြောင်း စ်တဲ့ မူလအနေအထားပျက်စီးစေရန် ကြံဆောင်ခြင်းတို့ကို ဆောင်ရွက်ခြင်း မပြုဖို့ ဖြစ်ပါတယ်။

တားမြစ်ချက်တွေကို ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉) ၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၅) ၊ ရှေးဟောင်းအဆောက်အအုံးများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၆) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ (၂၀၁၄ )တို့သာမက နိုင်ငံတကာ ဆက်စပ်ဥပဒေတွေနဲ့ပါ အရေးယူသွားမယ်လို့ IBHA က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်းပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ ရှိတဲ့ ဂုတ်ထိပ်တံတားဟာ အင်္ဂလိပ်တို့ မြန်မာကို သိမ်းပိုက်ပြီးနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး၊ နမ္မတူသတ္တုတွင်း တူးဖောက်ရေးတို့မှာ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးတို့အတွက် ၁၈၉၉ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး တံတားဖြစ်တယ်လို့ သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature