Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ဧပြီ ၈ မှ ၁၀ အထိ ငလျင်ဘေးဒဏ်ဆိုးဝါးဆုံး ဒေသအပါအဝင် နိုင်ငံတဝန်း မိုးထစ်ချုန်း ရွာနိုင်

အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းရဲ့ အရှိန်ကြောင့် ဧပြီလ ၈ ရက် ညပိုင်းမှ ၁၀ ရက်အထိ ငလျင်ဒဏ်အဆိုးဝါးဆုံးခံရတဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အားလုံးမှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလ ဌာနက ဧပြီလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၈ ရက် ညပိုင်းမှ ၁၀ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက်ကနေ ၁၆ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေက နေရာကွက်လို့ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၈ ရက် ညနေ ငါးနာရီခွဲ တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကနီမှာ မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အဲဒီမှတဆင့် မြောက်- အရှေ့မြောက်ဘက်ကို ပြန်ကွေ့ကာ ဧပြီလ ၁၀ ရက်မှာ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဒီလို မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီဒေသတွေရှိ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိပြုရှောင်ရှားကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်တွေကိုလည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ အကြံပြုထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature