Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာမှာ မြွေစိမ်းမြီးခြောက် မျိုးစိတ်သစ် ၁ မျိုးကို တွေ့ရှိ

အိန္ဒိယနိုင်ငံမှာသာ တွေ့ရှိရတဲ့ မြွေစိမ်းမြီးခြောက်မျိုးစိတ်တမျိုးကို မြန်မာနိုင်ငံမှာလည်း ရှင်သန်နေထိုင်တဲ့အကြောင်း စာတမ်းပြုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Native Species Conservation and Identification – NSCI အဖွဲ့ထံမှ သိရပါတယ်။

“ဒါက မြန်မာနိုင်ငံမှာ ပထမဆုံး မှတ်တမ်းတင်နိုင်မူပေါ့နော်။ ကျနော်တို့ ဒါကို ဒီ့အတိုင်း ထားလိုက်ရင်တော့ မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားမယ်ဆိုပြီး မြန်မာနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ တနိုင်ငံထဲမှာပဲ တွေ့ရတာ မဟုတ်ပဲနဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာရော၊ နှစ်နိုင်ငံလုံးမှာ တွေ့နိုင်တဲ့ မျိုးစိတ်ဖြစ်သွားတယ် ဆိုတဲ့အကြောင်း စာတမ်းတိုလေး တင်တယ်။ သက်သေအနေနဲ့ တင်သွင်းနိုင်ခဲ့တယ်” NSCI အဖွဲ့မှ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

အန်ဒမန်မြွေစိမ်းမြီးခြောက် မျိုးစိတ်ကို အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းစုတွေမှာပဲ တွေ့ရှိနိုင်တဲ့ မျိုးစိတ်အဖြစ် ထိန်းသိမ်းရေးကျွမ်းကျင်သူတွေက သတ်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာ သစ်တောအရာရှိ တဦးဖြစ်တဲ့ ဦးသန်းနိုင်က ကိုးကိုကျွန်းကနေ အဲဒီမြွေစိမ်းမြီးခြောက်ရဲ့ မှတ်တမ်းတွေကို စတင် ရရှိခဲ့ပြီး လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းကာ စာတမ်းပြုစုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ မြန်မာနဲ့ အရှေ့တောင်အာရှအတွက် ပထမဆုံးမှတ်တမ်း ဖြစ်သလို မြွေမျိုးစိတ် တမျိုး ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။ အဲဒီစာတမ်းကို အခုနှစ် ဒီဇင်ဘာလထဲမှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။

အဲဒီမှတ်တမ်းဓါတ်ပုံကို အကြောင်းပြုပြီး NSCI အဖွဲ့က Ko Win Paing Oo၊ Tan Van Nguyen နဲ့ Nikolay A. Poyarkov တို့က စာတမ်းတို ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမြွေစိမ်းမြီးခြောက်ကို မြန်မာနိုင်ငံမှာ ကိုကိုးကျွန်းမြွေစိမ်းမြီးခြောက်လို့ခေါ်ဝေါ်ပြီး IDပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြွေစိမ်းမြီးခြောက်ရဲ့ သိပ္ပံနာမည်က 𝐓𝐫𝐢𝐦𝐞𝐫𝐞𝐬𝐮𝐫𝐮𝐬 𝐚𝐧𝐝𝐞𝐫𝐬𝐨𝐧𝐢 (𝐀𝐧𝐝𝐞𝐫𝐬𝐨𝐧’𝐬 𝐏𝐢𝐭 𝐕𝐢𝐩𝐞𝐫/ 𝐀𝐧𝐝𝐚𝐦𝐚𝐧 𝐏𝐢𝐭 𝐕𝐢𝐩𝐞𝐫) ဖြစ်ပါတယ်။

ဓါတ်ပုံ – NSCI

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature