ခိုးယူခံရတဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်း ၇၀ ခု ကမ္ဘောဒီယား ပြန်ရရှိ
ခိုးယူခံထားရတဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေ ၇၀ ခုကို နိုင်ငံဆီ ပြန်လည်ရောက်ရှိလာမှုဟာ ကမ္ဘောဒီယားပြည်သူတွေနဲ့ ဘိုးဘွားဝိညာဉ်တွေ ပြန်လည် ပေါင်းစည်းနိုင်တဲ့ သင်္ကေတဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရ ဝန်ကြီးချုပ်က ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည်ရောက်ရှိလာတဲ့ ရှေးဟောင်းပစ္စည်း ၇၀ ခုထဲမှာ ရှေးဟောင်းဟိန္ဓူ နတ်ဘုရားရုပ်တုတွေ၊ ဗုဒ္ဓဆင်းတုတွေ ပါဝင်ပြီး တချို့အမွေအနှစ်ပစ္စည်းတွေဟာ ၉ ရာစုနဲ့ ၁၄ ရာစုက အန်ကော်ခေတ်က…