သံလွင်မြစ်ဝှမ်းက ကျား၊ မျောက်လွှဲကျော်အပါအဝင် သားငှက်ထိန်းသိမ်းရေး “ဝေဘူးထာ ကြေညာစာတမ်း”
သံလွင်မြစ်ဝှမ်းဒေသမှာ ကျား၊ မျက်ခုံးဖြူ မျောက်လွှဲကျော်၊ သင်းခွေချပ်၊ အောင်လောင်ငှက်အပါအဝင် ရှားပါး သားငှက်တိရစ္ဆာန်တွေ အများအပြား နေထိုင်ကြပြီး အဲဒီဒေသက တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဌာနေကရင်လူမျိုးစုတို့ရဲ့ ဝေဘူးထာ ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှ ၁၈ ရက်အထိ မူတြော်ခရိုင်၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၊ ဘူးသိုမြို့နယ်၊ ထီးလယ်ပူ အုပ်စုအတွင်းရှိ…