• MNMN
  • August 22, 2025
  • 0 Comments
ကလေးမြို့အနီးမှာ ၅.၂ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင် လှုပ်ခတ်

ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ရဲ့ အနောက်တောင်ဘက် ၃၅ ကီလိုမိတာအကွာ၊ ကလေးမြို့နဲ့ ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုလို့ ရစ်ချတာစကေး ၅ အဆင့်ကျော်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီ ခွဲခန့်မှာ မော်လိုက်မြို့ရဲ့ တောင်- အနောက်တောင်ဘက် ၃၅…

  • MNMN
  • August 16, 2025
  • 0 Comments
စစ်ပွဲ၊ ရေဘေးနဲ့ အခြားဘေးအန္တရာယ်တွေကြောင့် မြန်မာမှာ နေရပ်စွန့်ခွာသူ ၃.၆ သန်းနီးပါး ရှိပြီ

စစ်ပွဲ၊ ရေဘေးနဲ့ အခြားဘေးအန္တရာယ်တွေကြောင့် မြန်မာမှာ နေရပ်စွန့်ခွာသူဦးရေဟာ ၃.၆ သန်းနီးပါး ရှိနေပြီးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar က ကြေညာပါတယ်။ မြန်မာမှာ တိုက်ပွဲ၊ ရေဘေးနဲ့ အခြားဘေးအန္တရာယ်တွေအပါအဝင် ထပ်တလဲလဲကျရောက်နေတဲ့ ဘေးဒုက္ခတွေကြောင့် အကျပ်အတည်းပေါင်းစုံနဲ့ကြုံတွေနေရဆဲဖြစ်ပြီး လူပေါင်းများစွာရဲ့ အိုးအိမ်တွေ၊ အလုပ်တွေနဲ့ ဘေးကင်းလုံခြုံတဲ့ ခံစာချက်တွေ ခြေမွဖျက်ဆီးခံနေရတယ်လို့ UNOCHA Myanmar က…

  • MNMN
  • August 15, 2025
  • 0 Comments
ULA/AA ထိန်းချုပ်ဒေသမှာ ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၁၈,၀၀၀ ကျော် ပျက်စီး၊ အိမ်မွေးတိရစ္ဆာန် ထောင်ချီသေဆုံး

အာရက္ခပြည်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးထားတဲ့ လယ်ဧက ၁၈,၀၀၀ ကျော် ပျက်စီးဆုံးရှုံးသလို အိမ်မွေးတိရစ္ဆာန် ထောင်ချီသေဆုံးရတယ်လို့ ULA/ AA ၊ လူသားချင်း စာနာထောက်ထား ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ကြေညာပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်၊ စပါးခင်း၊ ရေတွင်း၊ ရေကန်တွေ ပျက်စီးခြင်းနဲ့ လမ်း၊တံတားတွေ ပျက်စီးခြင်းအပြင် ဒေသခံပြည်သူတွေပါ…

  • MNMN
  • July 30, 2025
  • 0 Comments
မြဝတီမှာ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်လွန်လာပြီး ရေကြီးနေ

ကရင်ပြည်နယ်၊ မြို့ဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၁၂ ပေခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာလည်း ၁ ပေခွဲခန့် ဆက်မြင့်တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီနေ့မှာ ကြေညာပါတယ်။ သောင်ရင်းမြစ်ရဲ့ ရေကြီးရေလျှံမှုကြောင့် မြဝတီမြို့အနီးပိုင်းရပ်ကွက်တွေမှာ နေအိမ်တွေ ရေနစ်မြုပ်နေပြီး မြတတီမြို့လယ်ခေါင်အထိပါ ရေဘေးဒဏ် ခံနေရတဲ့အတွက် ဒေသခံတွေဟာ ရွေ့ပြောင်းနေထိုင်ရတာမျိုးတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက…

  • MNMN
  • July 24, 2025
  • 0 Comments
ရခိုင်က မြို့နယ် ၈ ခုမှာ ရေကြီးမှုကြောင့် ဒုက္ခသည်စခန်းနဲ့ ကျေးရွာ ၉၀ က ဒေသခံထောင်ချီ အရေးပေါ်အကူအညီလိုအပ်

တစ်လနီးပါးကြာ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေ ရှိနေသလို ဒုက္ခသည်စခန်းတွေအပါအဝင် ကျေးရွာ ၉၀ က လူဦးရေ ၁၂,၀၀၀ ကျော် ရေဘေးဒဏ်သင့်နေတယ်လို့ ULA/ AA က ကြေညာပါတယ်။ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊…

  • MNMN
  • July 24, 2025
  • 0 Comments
မြဝတီမြို့မှာ မြစ်ရေဟာ ၉ ပေခွဲကျော်လွန် ရေကြီးနေပြီး ၃ ပေခန့် ဆက်မြင့်တက်မယ်ဆိုလို့

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၉ ပေခွဲကျော်လွန်နေသလို နောက် ၁ ရက်အတွင်း ၃ ပေခန့် ဆက်မြင့်တက်လာနိုင်ပြီး နိုင်ငံတဝန်းက မြို့ ၅ မြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလနဲ့ ဒေသခံတွေထံမှ သိရပါတယ်။ ဇူလိုင်လ ၂၄ ရက် နံနက် ၆ နာရီ တိုင်ထားချက်တွေအရ…

  • MNMN
  • July 23, 2025
  • 0 Comments
“ဝ”ဒေသ၊ မိုင်းပေါက်မှာ ရေကြီးရေလျှံမှုကြောင့် “ဝ”ရဲအရာရှိအပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး “ဝ”ရဲအရာရှိ ၁ ဦးနှင့် ဒေသခံပြည်သူ ၃ ဦးတို့ သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဝရဲအရာရှိဟာ အသက် ၂၇ နှစ်အရွယ် Qin Hua ဖြစ်ပြီး မနေ့က ဇူလိုင်လ ၂၂ ရက်မှာ ရေကြီးမှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်…

  • MNMN
  • June 28, 2025
  • 0 Comments
လာမယ့် တစ်ပတ်အတွင်း နိုင်ငံတဝန်း အနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးမယ်

ဇွန်လ ၂၇ ရက် ညနေမှ စတင်၍ ဇူလိုင်လ ၃ ရက်အထိ နိုင်ငံတဝန်းမှာ လာမယ့် တစ်ပတ်တာအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးမယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံ‌လေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့…

  • MNMN
  • June 2, 2025
  • 0 Comments
မြစ်ကြီးနားမြို့မှာ ရေကြီးမှု စိုးရိမ်ရေမှတ်ထက် ၂ လက်မကျော်နေပြီး ဆက်လက်မြင့်တက်မယ်လို့ မိုးဇလထုတ်ပြန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၂ လက်မကျော်လွန် ရောက်ရှိနေသလို မြစ်ရေ ဆက်လက်မြင့်တက်နေပြီး နောက် ၁ရက်မှာ ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ကြေညာပါတယ်။ ဒီနေ့ ဇွန်လ ၂ ရက် မနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့်…

  • MNMN
  • June 1, 2025
  • 0 Comments
အိန္ဒိယ၊ မီဇိုရမ်ထဲက ပလက်ဝချင်းစစ်ဘေးရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြှုပ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းနဲ့ ကာကီ ကျေးရွာတို့မှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြတဲ့ ပလက်မြို့နယ်ပြည်သူတွေရဲ့ နေအိမ် ၁၄၀ နီးပါး ရေမြှုပ်၊ မျှောပါမှုတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာ မြစ်ကမ်းဘေးနားမှာ တည်ရှိတဲ့ စစ်ဘေးရှောင် နေအိမ်တွေဟာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မနေ့က မေလ…

Other Story