• MNMN
  • August 1, 2024
  • 0 Comments
စစ်ကောင်စီရဲ့ မယ်နုအုတ်ကျောင်း ပြင်ဆင်ထားမှု ဝေဖန်မှုမြင့်နေ

မန္တလေးမြို့တောင်ဘက်၊ အင်းဝမြို့က မယ်နုအုတ်ကျောင်း တစ်ခုလုံးကို စစ်ကောင်စီ၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုံးရွှေရောင် သုတ်ပြီး ပြန်လည် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ် ထင်ရှားတဲ့ မြန်မာမှု ဗိသုကာလက်ရာ စံပြကျောင်းတော်ကြီးတစ်ခုဖြစ်တဲ့ မယ်နုအုတ်ကျောင်းကို စစ်ကောင်စီက အခုလို ရွှေရောင်တွေ သုတ်ပြီး ပြင်ဆင်ထားရှိမှုကို လူမှုကွန်ယက်မှာလည်း အများပြည်သူက ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ “ဒီအုတ်ကျောင်းဟာ မူလကတည်းက…

  • MNMN
  • July 30, 2024
  • 0 Comments
ဟားခါးမြို့က အိမ်မွေးခွေးအားလုံး ရောင်းချဖို့၊ ရောင်း၍ မရပါက သတ်‌‌ပေးကြဖို့ CDF – ဟားခါး ထုတ်ပြန်

ချင်းပြည်နယ် မြို့တော် ဟားခါးကို အပြီးသိမ်းနိုင်ရေးအတွက် ရုန်းတောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေရာ မြို့ပေါ် ခွေးမွေးသူတွေအနေနဲ့ ဩဂုတ်လ ၁ ရက် နောက်ဆုံးထားပြီး ခွေးတွေကို ရောင်းချဖို့၊ ရောင်းမရပါက သတ်ပစ်ဖို့ CDF- ဟားခါးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့ပေါ်မှာ အိမ်ပြင်ထွက်လာတဲ့ ခွေးတွေကို ဘယ်သူ မဆို သတ်ဖြတ်ပိုင်ခွင့် ရှိသလို ခွေးပိုင်ရှင်တွေကိုလည်း ပြစ်ဒဏ်…

  • MNMN
  • July 28, 2024
  • 0 Comments
မြို့ကြီး ၁၂ မြို့ ထက်မနည်း ရေဘေးသင့်နေပြီး ရက်အနည်းငယ် ဆက်လက်ရေကြီးနိုင်

နိုင်ငံအောက်ပိုင်းက ဧရာဝတီနဲ့ သံလွင်အပါအဝင် မြစ် ၈ မြစ်မှာ ရေကြီးရေလျံမှုတွေကြောင့် မြစ်ဘေးနားက မြို့ကြီး ၁၂ မြို့ထက်မနည်းမှာ မြစ်ရေကြီးမှုဖြစ် ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီ မိုးဇလက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နဲ့ ဇလွန်မြို့တွေဟာ ဧရာဝတီမြစ်ရေးကြီးမှုဒဏ် ခံနေရပါတယ်။ ဆိပ်သာမြို့ဟာ လာမယ့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်ကျဆင်းနိုင်ပေးမယ့်…

  • MNMN
  • July 25, 2024
  • 0 Comments
ဒီနှစ်သားပေါက်ရာသီ ကြိုးကြာခေါင်းနီငှက် ပထမဆုံးအသိုက်ကို ဒီနေ့ တွေ့ရှိပြီလို့ KTCG ဆို

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အတွင်းမှာ ဒီနှစ် ကြိုးကြာခေါင်းနီငှက်တွေရဲ့ သားပေါက်ရာသီအတွက် ပထမဆုံး တွေ့ရှိရတဲ့ အသိုက် ၁ ခုကို ဒီကနေ့မှာ မှတ်တမ်းတင် ရရှိခဲ့တယ်လို့ KTCG က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်မှာ မိမိတို့ အဖွဲ့ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့အတူ ဒေသခံတွေရဲ့ စိတ်ဝင်စားစွာ ပါဝင်သတင်းပေးမှုကြောင့် ၂၀၂၄ ခုနှစ်အတွက် ကြိုးကြာခေါင်းနီငှက် အသိုက်…

  • MNMN
  • July 18, 2024
  • 0 Comments
လွိုင်ကော်မြို့ ယဉ်းကျေးမှုပြတိုက်က ပစ္စည်းတွေ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ IEC ထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်ထဲက ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာပစ္စည်းတွေကို မပျောက်ပျက်အောင် လုံခြုံတဲ့ နေရာမှာ ရွှေ့ပြောင်း ထိန်းသိမ်းထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင်လ ၁၇ ရက်က ထုတ်ပြန်ပါတယ်။ ရိုးရာအသုံးအဆောင်တွေ၊ ရိုးရာတူရိယာတွေ၊ ရိုးရာလက်နက်ကိရိယာတွေ၊ ရိုးရာအဆင်တန်ဆာပစ္စည်းတွေ၊ ဖားစည်းတွေ စတဲ့ပစ္စည်းတွေကို မပျောက်ပျက်ရလေအောင် လုံခြုံစိတ်ချတဲ့ နေရာသို့ ရွှေ့ပြောင်းထိန်းသိမ်း ခဲ့တယ်လို…

  • MNMN
  • July 15, 2024
  • 0 Comments
ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံပေါင်း ၁၂ နိုင်ငံအကြား ရေခဲမြစ်များ ထိန်းသိမ်းရေး ဆောင်ရွက်နေ

မြန်မာအပါအဝင် ဟိမဝန္တာတောင်တန်းဒေသရဲ့ ၁၂ နိုင်ငံအကြား ရေခဲမြစ်များ ထိန်းသိမ်းမှု အပါအဝင် ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းမှု လုပ်ငန်းများ ဟန်ချက်ညီစေရန် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်ကို ဇူလိုင်လအတွင်းက ကျင်းပခဲ့ကြောင်း သိရပါတယ်။ စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဇူလိုင်လ ၄ ရက်က စတင်လို့ တရုတ်နိုင်ငံ၊…

  • MNMN
  • July 14, 2024
  • 0 Comments
မြေပြင် သယံဇာတစီမံအုပ်ချုပ်မှု အထူးအဖွဲ့ခွဲနဲ့ ကွင်းဆင်းအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေမှာ သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေ နိုင်နိုင်နင်းနင်း ဆောင်ရွက် နိုင်စေဖို့ အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ခွဲတွေနဲ့ မြေပြင်ကွင်းဆင်းအဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်ပေးရန် NUG အစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို NUG အစိုးရ၊…

  • MNMN
  • July 9, 2024
  • 0 Comments
ကျားများ ရှင်သန်နေသည့် မြေ သို့မဟုတ် သံလွင်ငြိမ်းချမ်းရေဥယျာဉ်

မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း၊ စိမ်းနက်မှောင်နေတဲ့၊ တောတောင်တွေ ဖုံးအုပ်နေတဲ့ နယ်မြေမှာ ဌာနတိုင်းရင်း သားတွေ ကိုယ်တိုင် ဦးဆောင်ပြီး ရိုးရာဓလေ့ထုံတမ်းတွေနဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝတဲ့ ထိန်းသိမ်းရေး ဥယျာဥ်ရှိပါတယ်။ စတုရန်ကီလိုမီတာ ထောင်ချီကျယ်ဝန်းတဲ့ အဲဒီဥယျာဉ်ဟာ ထိန်းသိမ်းရေးဘေးမဲ့တော၊ ကျေးရွာပိုင် ဘုံသစ်တော၊ ရိုးရာဓလေ့နဲ့ ထိန်းသိမ်းတဲ့ “ကော်”တွေကို ဒေသခံဌာနေတိုင်းရင်းသားတွေ ကိုယ်တိုင်က စီမံခန့်ခွဲပါတယ်။ သဘာဝစိုက်ပျိုးရေးစနစ်နဲ့ ဘိုးဘွားဓလေ့တို့ကို…

  • MNMN
  • July 2, 2024
  • 0 Comments
ဇူလိုင်ပထမပတ် ၁၀ ရက်အတွင်း နိုင်ငံတဝန်း မိုးရွာသွန်းနိုင်မှု အခြေအနေ ခန့်မှန်းချက်

ဇူလိုင်လ ပထမ (၁၀) ရက်တာအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂ ရက်မျာ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ မိုးရေချိန်ခန့်မှန်းချက်တွေအရ ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၄)ရက်နေ့အတွင်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်…

  • MNMN
  • June 30, 2024
  • 0 Comments
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှာ ကျေးရွာပိုင် ဘုံသစ်တော ၄၃ ခုနဲ့ ‘ကော်’ ၂၈၈ ခုကို တည်ထောင်ထား

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ သံလွင်ငြိမ်းချင်းရေး ဥယျာဉ်အတွင်း ကျေးရွာပိုင် ဘုံသစ်တော ၄၃ ခု နဲ့ ‘ကော်’ ၂၈၈ ခုကို သတ်မှတ်တည်ထောင်ထားတယ်လို့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အုပ်ချုပ်ရေးကော်မတီ ထံမှ သိရပါတယ်။ နိုင်ငံရေး ကပ်ဆိုး၊ ပဋိပက္ခ ပြည်တွင်းစစ် နဲ့ နေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် ဒေသခံပြည်သူတွေဟာ မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ နေထိုင်ရပေမယ့် ဘိုးဘွားမြေ၊…

Other Story