ချင်းတောင်၊ ကန်ပက်လက်မှာ သစ်တောနဲ့ သယံဇာတ ထိန်းသိမ်းရေး ဥပဒေသတ်မှတ်ပြဌာန်း
ချင်းပြည်တောင်ပိုင်း ၊ ကန်ပက်လက်မြို့နယ်အတွင်း သစ်တောနဲ့ သဘာဝသယံဇာတ ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ ဥပဒေနဲ့ ကန့်သတ်တားမြစ်ထားတဲ့ အချက်တွေကို ဇူလိုင်လဆန်းပိုင်းက ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ရဲ့တပ်ဖွဲ့နဲ့ မြို့နယ်သစ်တောဌာနတို့ ပူးပေါင်းထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ သစ်တောဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့နယ်သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ မည်သူ့မဆို ပြုလုပ်ခွင့်ကို ကန့်သတ်တားမြစ်လိုက်တဲ့…