• MNMN
  • June 29, 2025
  • 0 Comments
မြေကမ္ဘာရဲ့ အံ့ဖွယ်ထုံးကျောက်တောင်ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ကြပါစို့

ထုံးကျောက်တောင် (Karst) ဂေဟစနစ်ဟာ ထုံးကျောက်တွေ ရေမှာပျော်ဝင်ရာမှ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ မြေမျက်နှာ သွင်ပြင်တွေနဲ့ ဂူတွေ၊ မြေအောက်မြစ်တွေ၊ ရေကန်တွေ စတာတွေ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုပဲ ဖြစ်ပြီး ကမ္ဘာ့မြေ မျက်နှာသွင်ပြင်ရဲ့ (၂၀)ရာခိုင်နှုန်းကိုတောင် လွှမ်းခြုံထားပါတယ်။ ထုံးကျောက်တောင်ဂေဟစနစ်ဟာ လူသားနဲ့ သတ္တဝါတွေအတွက် နေစရာ၊ အစားအစာ၊ ရေ၊ သစ်၊ ဆေးဝါးနဲ့ တွင်းထွက် ပစ္စည်းတွေလို…

  • MNMN
  • June 28, 2025
  • 0 Comments
အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်း ရယူပြီး ရေနံချက်မယ့် စက်ရုံသစ်စီမံကိန်း တရုတ်- မြန်မာ ပူးပေါင်းဖော်ဆောင်

မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းတွေ ရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်းကို တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်သွားမယ်လို့ စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းတွေ ရယူပြီး မြန်မာမှာ ရေနံချက် ထုတ်လုပ်မယ့် ရေနံချက်စက်ရုံသစ် စီမံကိန်းကိန်းကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့…

  • MNMN
  • June 25, 2025
  • 0 Comments
ယူအေအီးကို ရေနံနဲ့ သဘောဝဓါတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီ ဆွေးနွေး

မြန်မာမှာ အလားအလာရှိပြီး အာမခံချက် ကောင်းမွန်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွေမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) က လာရောက်ရင်းနှီးမြှုပ်နှံရေးကို ဆွေးနွေးနေတယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီ သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၄ ရက်က နေပြည်တော်၊ စွမ်းအင်ဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ ယူအေအီး သံအမတ်နဲ့တွေ့ဆုံပြီး…

  • MNMN
  • June 21, 2025
  • 0 Comments
စိမ်းလန်း မြန်မာ စီမံကိန်းကို စတင်အကောင် အထည် ဖော်နေပြီလို့ ဥရောပသမဂ္ဂ ကြေညာ

မြန်မာနိုင်ငံရှိ တိရစ္ဆာန်အစာတန်ဖိုးကွင်းဆက်ဆိုင်ရာ စီးပွားရေးစက်ဝန်းကို အားကောင်းလာစေရေး – စိမ်းလန်း မြန်မာ စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU)က ဒီနေ့ ဇွန်လ ၂၀ ရက်မှာ ကြေညာပါတယ်။ ဥရောပသမဂ္ဂ (EU) ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ Mecry Crops အဖွဲ့ဟာ မိတ်ဖက်တွေဖြစ်တဲ့ RecyGlo နဲ့ Village Link တို့နဲ့…

  • MNMN
  • June 21, 2025
  • 0 Comments
“ဝ” တပ် ထိန်းချုပ်ရာ မိုင်းပေါက်မှာ ၁၀ နှစ်တာအတွင်း မြေရှားသတ္တုး တူးဖော်မှု ၈ ဆ များပြားလာ

‘၀’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ မြောက်ပိုင်းက ရှမ်း-တရုတ် နယ်စပ်အနီးရှိ မိုင်းပေါက်မြို့နယ်ထဲမှာ အခု ၁၀ နှစ်တာအတွင်း မြေရှားသတ္တု တူးဖော်မှုတွေ ၈ ဆ များပြားလာတယ်လို့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ပါတယ်။ ၂၀၁၅ ခုနျစ်မှာ မိုင်းပေါက်ဒေသထဲ မြေရှားသတ္တုတွင်း ၃ ခုသာ ရှိခဲ့ပေမယ့် အခု…

  • MNMN
  • June 18, 2025
  • 0 Comments
မြဝတီဒေသ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အကြီးစားရေအားလျှပ်စစ်စီမံကိန်း လုပ်မယ်လို့ ကရင် BGF ဆို

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အကြီးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်းကို မဖြစ်မနေ လုပ်ဆောင်မယ်လို့ ကရင်နယ်ခြားစောင့်တပ် – BGF က ပြောပါတယ်။ မနေ့က ဇွန်လ ၁၇ ရက်နေ့ ကရင်နယ်ခြားစောင့်တပ် – BGF က သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အွန်းလိုင်းသတင်းစာရှင်းလင်းပွဲမှာ နယ်ခြားစောင့်တပ် – BGF…

  • MNMN
  • June 8, 2025
  • 0 Comments
ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ သမ္မတရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို ပြော

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ရပ်ဝန်းနဲ့ ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်ဆိုပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောလိုက်ပါတယ်။ ဒီနေ့ ၂၀၂၅ ဇွန်လ ၈ ရက်မှာ ကျရောက်တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၇၅ နှစ်မြောက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အပြန်အလှန်…

  • MNMN
  • June 5, 2025
  • 0 Comments
မြန်အောင်မှာ ရေနံတူးဖော်မှု တိုးမြင့်နိုင်ဖို့ မြန်မာကဉ္စနာကုမ္ပဏီကို စစ်ကောင်စီ လုပ်ကိုင်ခွင့်ပြု

ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကြားက မြန်အောင်မြို့နယ်ထဲက မြန်အောင်ရေနံမြေမှာ ရေနံတူးဖော်မှု တိုးမြင့် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာကဥ္စနာကုမ္ပဏီ လီမိတက်နဲ့ စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက ကုန်းတွင်းရေနံလုပ်ကွက် IOR – 6 ဧရိယာ ၂ မှာ ရေနံအထွက်တိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နဲ့ တိုးတက်ထွက်ရှိလာတဲ့ ရေနံထုတ်လုပ်မှုအပေါ် အကျိုးအမြတ်…

  • MNMN
  • May 31, 2025
  • 0 Comments
ကမ်းလွန်စီမံကိန်းအသစ်တွေကို အလျင်အမြန် စတင်နိုင်ဖို့ စစ်ကောင်စီ လုပ်ဆောင်နေ

မေလ ၂၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ စွမ်းအင်ကဏ္ဍ အတွက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တိုးမြှင့် ထုတ်လုပ်နိုင်ဖို့ ကမ်းလွန်စီမံကိန်းအသစ်တွေကို ဆောလျင်စွာ စတင်နိုင်ရန် ဆောင်ရွက်နေတယ်လို့ အဲဒီကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်လို့ ကမ်းလွန်စီမံကိန်းအသစ်တွေဟာ နိုင်ငံရဲ့ အနာဂါတ်စွမ်းအင်ကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေ ဖြစ်ပြီး…

  • MNMN
  • May 30, 2025
  • 0 Comments
ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ကွက်သစ် ၁ ခုကို ထိုင်းနဲ့ပေါင်းပြီး တူးဖော်ဖို့ စစ်ကောင်စီ စာချုပ်ချုပ်

မုတ္တမကမ်းလွန်လုပ်ကွက် M-10 ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်သစ်ကို “မင်းရဲသူ” လို့ အမည်ပေးပြီး ထိုင်းကုမ္ပဏီ Gulf Petroleum Myanmar နဲ့ မြန်မာရေနံနဲ့ သဘာဝလုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ကြေညာပါတယ်။ မင်းရဲသူစီမံကိန်းရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲဖို့အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး…

Other Story