မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့လို့ လျှပ်စစ်ဓါတ်အားဖူလုံမှု မရှိဖြစ်ရတယ်လို့ စစ်ခေါင်းဆောင် ပြော
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့မှုကြောင့် လက်ရှိ နိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အားဖူလုံမှု မရှိဖြစ်နေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြစ်ဆုံ စီမံကိန်း”နဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ လိုအပ်ချက် ပြည့်မီမှု မရှိသေးကြောင်း၊ လျှပ်စစ်ဓါတ်အား ဖူလုံစွာ ရရှိရေးအတွက်…