Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ချင်းတွင်းမြစ်‌ဘေးကျေးရွာမှာ ရွှေတူးမယ့် စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေမှာ ဒေသ PDF တချို့ရဲ့ ရွှေမျောလုပ်ကိုင်မယ့် စီမံကိန်းကို ဒေသခံလူထုက လက်မခံဘဲ ကန့်ကွက် ဆန္ဒပြမှုဖြစ်ပွားနေပြီး အမြန်ဆုံး တားဆီးအရေးယူပေးရေး တောင်းဆိုနေပါတယ်။

မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နဲ့ မြေပြင် ၇ မိုင်ခရီးသာ ကွားဝေးတဲ့ ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာ၊ ဝန်ပိုကျေးရွာတို့နဲ့ ထိစပ်နေတဲ့ ချင်းတွင်းမြစ်ထဲက သဲသောင်ပြင်မှာ ရွှေတူးဖော်မှုတွေ လုပ်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဘုတလင်မြို့နယ် PDF ဒုတာဝန်ခံ ဦးကြွက်၊ ဘုတလင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း (၂၀၁၅ အမတ်) ဦးမြင့်ဟန်ထွန်းအပါအဝင် ဘုတလင်မြို့နယ် ပအဖနှင့် ပကဖ တာဝန်ရှိသူတချို့က ဦးဆောင်ပြီး အဲဒီဒေသမှာ ရွှေတူးဖော်နိုင်ရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လေးမြေကျေးရွာနေ ဒေသခံပြည်သူတွေ၊ အနီးဝန်းကျင်ကျေးရွာဒေသခံတွေ၊ ဒေသခံသပိတ်အင်အားစုတွေ၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အင်အားစုတွေ၊ ထိစပ်မြို့နယ်တွေက တော်လှန်ရေးအဖွဲ့အစည်းတချို့ကလည်း ရွှေမျှောလုပ်ကိုင်ခြင်းကို သဘောမတူဘဲ ကန့်ကွက်ကြတယ်လို့ လေးမြေကျေးရွာသားတချို့က ပြောပါတယ်။

“ကန့်ကွက်ရတဲ့ အကြောင်းက နမခနဲ့ ၇ မိုင်ပဲ ကွာတယ်။ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေပေါ့ဗျာ။ ၇ မိုင်ပဲ ကွာတော့ စစ်ကြောင်းကလည်း အချိန်မရွေးထိုးလာနိုင်တဲ့အတွက်ကြောင့်ပါ။ ပြီးတော့ လူကြီးနဲ့ ကလေးတွေဟာလည်း တကယ်လို့ စစ်ကြောင်းထိုးခဲ့မယ်ဆိုရင် ပြောင်းရ၊ ရွေ့ရတာလည်း အဆင်မပြေဘူး။ ကလေးတွေ ပညာရေးကလည်း ရှိသေးတယ်” လို့ လေးမြေကျေးရွာသားတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးက အဲဒီကျေးရွာတွေမှာ စက်ယန္တရာတွေနဲ့ ရွှေတူးဖော်ပါက အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့‌ လေးမြေအပါအဝင် ကျေးရွာ ၆ ရွာထက်မနည်းဟာ ဆိုးကျိုးဒဏ်ကို ခံစားရမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေလုပ်ကွက်တွေကြောင့် စစ်ကောင်စီရဲ့ ရွာစဉ်တလျောက် စစ်ကြောင်းထိုးမှုအပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေ စိုးရိမ်းနေရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၄ ရက် ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတချို့ထံ လေးမြေကျေးရွာနဲ့ ချင်းတွင်းမြစ်ကမ်းဘေးရွာတွေက အချက် ၁၇ ချက်ပါ တိုင်းကြာစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၄ ရက်ကလည်း လေးမြေနဲ့ အနီးဝန်းကျင်က ဒေသခံတချို့ဟာ ရွှေတူးဖော်မှုကို ဦးဆောင်ကြိုးပမ်းနေသူတွေကို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဧပြီလ ၅ ရက် လေးမြေကျေးရွာ ပအဖနဲ့ ပကဖအဖွဲ့အပါအဝင် ရွှေတူးဖော်နိုင်ရေး ကြိုးပမ်းနေသူတွေဟာ ကျေးရွာနေ ဒေသခံတချို့ကို တအိမ်ထောင်ကို လျော်ကြေးအဖြစ် ကျပ်သိန်း ၃၀ ကို ကနဦး ထုတ်ယူဖို့ စေခိုင်းခဲ့ပြီး ဒေသခံတွေ ငွေကြေး ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ စီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုကြောင်း ဒေသခံတွေ ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ – CJ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature