Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယုံကြည်ကိုးကွယ်မှု

ငလျင်ကြောင့် ဘုရားစေတီ ၄၈၀၀ ကျော် ပျက်စီး ဆုံးရှုံး

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် နိုင်ငံတဝန်းက ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီး ဆုံးရှုံးပြီး ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက် ၂၇၅၁ ကျောင်းလည်း ထိခိုက်ပျက်စီးဆုံးရှုံးရတယ်လို့ စစ်ကောင်စီက ဧပြီလ ၅ က ထုတ်ပြန်ပါတယ်။

ဘုရားကျောင်းကန်တွေကို စနစ်တကျနဲ့ ဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီး ကျောင်းတွေ၊ ဗလီတွေကို ယခင်ခွင့်ပြုထားတဲ့အတိုင်း တည်ဆောက်ခွင့်ပြုရန်လိုကြောင်း၊ အလားတူ ခရစ်ယာန်ကျောင်းတွေ ပျက်စီးမှုတွေရှိပါကလည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ အဆောက်အဦးတွေကို စနစ်တကျနဲ့ ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြောကြားလိုက်ပါတယ်။

ဧပြီလ ၅ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းတွေအရ အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဆေးရုံးဆေးခန်းပေါင်း ၁၆၇ ခု၊ တံတား ၁၆၉ စင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုတို့ ထိခိုက်ပျက်စီးရတယ်လို့ ဆိုပါတယ်။

အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေပြည်တော် – မန္တလေး ရထားလမ်းနဲ့ ကားလမ်းတွေ၊ ဘူတာတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၃၄၅၅ ဦး၊ ဒဏ်ရာရသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး နဲ့ စုစုပေါင်း ၈၆၀၀ ကျော် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ငလျင်ကြောင့် ထိခိုက်သေဆုံးသူတွေကို တဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်သွားမှာဖြစ်သလို အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ အဆောက်အအုံပျက်စီးမှုတွေအပေါ် မူတည်ပြီး ထောက်ပံ့မှုတွေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

မတ်လ ၂၇ ရက်က နေပြည်တောင်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်မှာ ရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ဒုတိယအပြင်းထန်ဆုံး ငလျင်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ချတာ စကေး ၆ နဲ့အထက် ငလျင်လှုပ်ခတ်မှု ၁၈ ကြိမ် ရှိခဲ့ပြီး ၁၉၁၂ ခုနှစ် ပြင်ဦးလွင်မြို့မှာ လှုပ်ခတ်တဲ့ ရစ်တာစကေး ၈ ငလျင်ဟာ အပြင်းထန်ဆုံးငလျင်ဖြစ်တယ်လို့ သိရပါတယ်။

အခုငလျင်ကြီးကြောင့် နောင်ပိုင်းမှာ အထပ်မြင့်နဲ့ အခိုင်အမာအဆောက်အဦးတွေ ဆောက်လုပ်မှုကို အနည်းဆုံး ရစ်ချ်တာစကေး ၈ အထိ ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေ ဖြစ်အောင် ကြပ်မတ်သွားရမယ်လို့ စစ်ကောင်စီက မူဝါဒချမှတ်လိုက်ပါတယ်။

ငလျင်ဘေးသင့်မြန်မာသူတွေကို နိုင်ငံပေါင်း ၂၆ နိုင်ငံက အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မည်သည်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည်၍ ဆောင်ရွက်ခွင့် မရှိဘဲ ကြိုတင်ခွင့်ပြုချက် တောင်းခံထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ဖို့ လိုပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးမယ့် မူဝါဒတရပ်နဲ့ ဆောင်ရွက်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မတ်လ ၂၈ ရက်က အင်အား ရစ်ချ်တာ စကေး ၇.၇ နဲ့ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲ မြေငလျင်တွေဟာ ၁၀ ရက်သာအတွင်း အကြိမ်ပေါင်း ၉၀ ကျော်အထိ လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီနေ့ ဧပြီလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဓါတ်ပုံများ – CJ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature