Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ဒီနေ့မှစတင်ပြီး တပတ်ကြာ နိုင်ငံတဝန်း မိုးထစ်ချုန်းရွာနိုင်၊ နေရာကွက်၍ မိုးကြီးနိုင်

ဒီနေ့ မေလ ၁၄ ရက်မှ ၂၀ ရက်အထိ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။

မနေ့ မေလ ၁၃ ရက် ည ၇ နာရီ တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုတ်လေဝင်ရောက် လာနိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ အပူပျံတက်တမ်းတွေ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင်းလည်းကောင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့ မေလ ၁၄ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား (ကရင်နီ) ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မေလ ၁၇ ရက်မှ ၂၀ ရက်အထိ စစ်ကိုင်း၊ ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား (ကရင်နီ) ၊ ကရင်နဲ့ မွန်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ဒီလို မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီဒေသတွေက ကုန်းမြင့်ဒေသအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ရန် သတိပေးနှိုးဆော်ထားပါတယ်။

ဓါတ်ပုံ – မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature