Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယဉ်ကျေးမှု

ပုဂံဒေသမှာ ရှေးဟောင်း ဘုရားတစ်ဆူ ဒီနေ့ ပြိုကျပျက်စီးသွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ထဲက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရားတစ်ဆူဟာ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ ပြိုကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ပုဂံမြို့သစ်ထဲက ဘုရားအမှတ် ၁၀၄၂ ဖြစ်ပြီး ဆင်က ဘုရား လို့ခေါ်သလို ဆင်ကအုတ်တိုက်ရှည်လို့လည်း ခေါ်တဲ့ ၁၃ ရာစု လက်ရာဘုရားဟာ ပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

“ပြိုကျပီးကျန်နေတဲ့ အုတ်စီအုတ်နင်းကိုကြည့်တော့ ၁- ရေဝင်-ရေဝ ထားတဲ့ လက္ခဏာတွေ့ရတယ်။ ၂- လေထုထဲမှာ ရေခိုးရေငွေ့ပါဝင်မှုနှုန်းများတာ (Humidity)။ ၃- လုံလောက်တဲ့ နေရောင်ချည်နှင့် အပူဓာတ်မရတာ၊၊ ၄- အုတ်သားထုက အသက်ဝဝ ရှူလို့မရတဲ့ လက္ခဏာတွေ့ရတယ်။ ကိုယ်ထည်ထဲဝင်နေတဲ့ ရေခိုးရေငွေ့ ကို နေပူတဲ့အချိန်၊ ရာသီဥတုပူတဲ့ အချိန်မှာ အငွေ့ပျံသွားအောင် မထုတ်နိုင်တော့တာ၊။ ၅- မြေသား အင်္ဂတေရဲ့ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှု စွမ်းအားမရှိတော့ဘူး။ သာမန် ရွံစေးမြေသာသာဖြစ်လာတာ၊၊ ၆- မိုးရွာတဲ့အခါ မိုးကျတဲ့ဒါဏ်ကို ၂၄ နာရီလောက်ခံရတဲ့အခါ ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်ဟာ မိုးရေဒါဏ်ကို ထိမ်းမထားနိုင်တော့ တာတွေကြောင့် ပြိုကျတယ်” လို့ ရှေးဟောင်းသုတေသန ပညာရှင် ကိုဇေမျိုးလင်းက သူ့လူမှုကွန်ယက်မှာ ရေးသားပါတယ်။

ဆင်က ဘုရား လို့လည်းခေါ်တဲ့ ဆင်ကအုတ်တိုက်ရှည် ဘုရားဟာ ၁၉၇၂ ခုနှစ်ကတည်းက ရှေးဟောင်း အဆောက်ဦး အဖြစ် မှတ်တမ်းဝင်ပြီး ၁၉၆၇ ခုနှစ်မှာ တစ်ခါပြုပြင်ထိန်းသိမ်းရေးလုပ်ဖူးသလို အုတ်တိုက်ဒေါင့်နေရာနဲ့ မုခ်တံကဲထည့်တာတွေ လုပ်ခဲ့တယ်လို့ ကိုဇေမျိုးလင်းက ဆိုပါတယ်။

၁၉၉၂ ခုနှစ်မှာ ဘုရား ရုပ်ပွါးတော်အသစ်တည်ခဲ့ပြီး ၂၀၁၆ ခုနှစ် ငလျင်ဒါဏ်သင့်ဘုရားစာရင်းထဲမှာ မပါခဲ့ကြောင်း၊ ဒီတစ်ခါပြိုကျမှုက ရှေးလက်ရာစစ်စစ်တွေ ကျန်တဲ့ ပေါင်းကူးအမိုးကနေ စပြိုကျတာကို ကျလာတဲ့ အုတ်ချပ်တွေ ကြည့်လိုက်ရင်လည်း ရှေးအုတ်ကြီးတွေ မြင်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်း နောက်ဆက်တွဲအရှိန်ကြောင့် ပုဂံဒေသမှာ မိုးသည်းထန် ရွာသွန်းနေပြီး ဘုရားမြို့ရိုးနဲ့ ကျုံးတွေထဲမှာ ရေအပြည့် ဝင်နေသလို့ စစ်ကောင်စီက ပြန်လည်ပြုပြင်နေတဲ့ ရှေးဟောင်းပုဂံခေတ်က ရေကန်တွေမှာလည်း ရေတွေ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – Ko Htun Yati

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature