Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယဉ်ကျေးမှု

မြန်မာ့သင်္ကြန် ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းထဲ ပါဝင်လာ

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မယ့် ပဏာမစာရင်းမှာ ပါဝင်လာတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက နိုဝင်ဘာလ ၆ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ၊ မတ်လထဲမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယူနက်စကို ရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) စာရင်းဖြစ်ဖို့ စစ်ကောင်စီ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက လျှောက်ထားခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပမယ့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာနိုင်ငံက တင်သွင်းတဲ့ အတာသင်္ကြန်ပွဲတော်နဲ့ ပတ်သက်လို့ ယဉ်ကျေးမှုအမွေအနှစ်သတ်မှတ်ရေးအဆိုကို တရားဝင်ဆုံးဖြတ်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက မဟာဆုန်ကရန် ခေါ် သင်္ကြန်ပွဲတော်ကို ယူနက်စကို ရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ်ထဲမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

Photo – Ministry of Hotels and Tourism

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature