Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

မြဝတီမြို့မှာ မြစ်ရေဟာ ၉ ပေခွဲကျော်လွန် ရေကြီးနေပြီး ၃ ပေခန့် ဆက်မြင့်တက်မယ်ဆိုလို့

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၉ ပေခွဲကျော်လွန်နေသလို နောက် ၁ ရက်အတွင်း ၃ ပေခန့် ဆက်မြင့်တက်လာနိုင်ပြီး နိုင်ငံတဝန်းက မြို့ ၅ မြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလနဲ့ ဒေသခံတွေထံမှ သိရပါတယ်။

ဇူလိုင်လ ၂၄ ရက် နံနက် ၆ နာရီ တိုင်ထားချက်တွေအရ ရွှေကျင်မြို့နယ်၊ မြဝတီမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မဒေါက်မြို့နဲ့ ငါးသိုင်းချောင်းမြို့တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေးဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့၊ ရှောင်ရှားနေထိုင်ကြဖို့ စစ်ကောင်စီရဲ့ မိုးဇလက ဒီနေ့မှာ ကြေညာပါတယ်။

မြဝတီမြို့မှာ ရေကြီးရေလျှံမှုကို ဒေသခံပြည်သူတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရပြီး ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ၊ လမ်းတွေ ထိခိုက်ပျက်စီးမှု ရှိနေကြောင်း ဒေသခံတချို့က ပြောဆိုပါတယ်။

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၉ ပေခွဲခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်တဲ့အတွက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်ပါတယ်။

မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်တဲ့အတွက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေပါတယ်။

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်လက်တက်နိုင်တဲ့အတွက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၄ ပေခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်တဲ့အတွက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၃ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ လက်မခန့် မြင့်တက်လာနိုင်တဲ့အတွက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဒီ‌နေ့ နံနက်ပိုင်းတိုင်ထွာချက်တွေအရ လာအိုနဲ့ မြန်မာအရှေ့ပိုင်းနယ်စပ်ဒေသကို ဖြတ်ကျော်လာတဲ့ “ဝိဖာ” မုန်တိုင်းရဲ့ နောက်ဆက်တွဲ လေဖိအားနည်းဆဲတွေဟာ လေပွေလှိုင်းအဖြစ် အားလျော့သွားပြီး မြန်မာအလယ်ပိုင်းဒေသတွေကို ဖြတ်ကျော်လျက်ရှိတယ်လို့ စစ်ကောင်စီ မိုးဇလက ထုတ်ပြန်ထားပါတယ်။

အဆိုပါလေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် ဒီနေ့ ဇူလိုင်လ ၂၄ ရက် နံနက်မှ မနက်ဖြန် ၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်တို့မှာ မိုးသည်းထန်ခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – မိုးဇလနဲ့ CJ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature