Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

သဘာဝခေါ်သံ

ရေကြီးရေလျှံမှုကြောင့် မြွေအပါအဝင် တောရိုင်းတိရစ္ဆာန်နဲ့ လူတို့ကြား ပဋိပက္ခကို ဖြေရှင်းနည်း

မြန်မာပြည်အထက်ပိုင်းက ရေကြီးရေလျံမှုတွေဟာ ဧရာဝတီ၊ ချင်းတွင်းမြစ်အပါအဝင် မြစ်ရိုးတလျှောက်က ဒေသတွေကို မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေပြီး ရေကြီးရေလျှံမှုကြောင့် လူတွေအပြင် တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရပါတယ်။

နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသ မြို့ရွာတွေရဲ့ ရေကြီးမှု အန္တရာယ်နဲ့ ပတ်သက်လို့လည်း ဒီရက်သတ္တပတ်တွေထဲမှာ နေ့စဉ်နဲ့အမျှ သတိပေးမှုတွေကို စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေး၊ နှိုးဆော်ချက်တွေ ထုတ်ပြန်နေပါတယ်။

တိရစ္ဆာန်တွေဟာ ရေမနစ်စေဖို့ နီးစပ်ရာ အရာဝတ္တုတွေကို တွယ်ကပ်ရတာကြောင့် လူနဲ့ တိရစ္ဆာန်တွေကြာ ထိတွေ့မှု ပိုများလာပါတယ်။ ရေကြီးရေလျှံမှု ဆက်တိုက်ဖြစ်နေတဲ့အခါ ငှက်အပါအဝင် တောရိုင်းတိရစ္ဆာန်တွေ နေထိုင် ရှင်သန်ဖို့ အခက်ကြုံရတာကြောင့် လူတွေ ခိုလှုံရာ နေရာ သို့မဟုတ် နေအိမ်ထဲကို ဝင်လာတတ်ပါတယ်။

တွားသွားသတ္တဝါနဲ့ နို့တိုက်သတ္တဝါတွေလည်း ရေဘေးမှ လာခိုလှုံကြလို့ လူတွေအနီး ရောက်လာနိုင်ပါတယ်။ အဲ့ဒီအခါ သူတို့လည်း အရမ်းကြောက်လန့်နေတာကြောင့် အနားကပ်မိရင်တောင် သတိထားရပါမယ်။ ဒဏ်ရာရနေတဲ့ တောရိုင်းတိရစ္ဆာန်များရှိပါက “Wildlife of Myanmar” ကို ဆက်သွယ် အကူအညီတောင်းလို့ ရပါတယ်။

ရေဘေးသင့်နေတဲ့ ဒေသခံပြည်သူ ထောင်ချီဟာ တောရိုင်းတိရစ္ဆာန်ပေါင်းစုံနဲ့ တွေ့ကြုံရနိုင်ပါတယ်။ တချို့အကောင်တွေဟာ လူတွေအတွက် အန္တရာယ် မရှိနိုင်ပေးမယ့် တချို့က လူတွေအတွက် အန္တရာယ် များလွန်လှပါတယ်။

❗မြွေအန္တရာယ်❗

ရေကြီးရေလျှံဖြစ်တဲ့အခါ တိရစ္ဆာန်များက သူတို့နေတဲ့တွင်း၊ဂျောင်ကြားတွေ၊ မိုးခိုရာနေရာတွေက ထွက်လာ လေ့ရှိပါတယ်။ ဒီထဲမှာ လူတွေနဲ့ ပဋိပက္ခ အဖြစ်များဆုံးက မြွေတွေဖြစ်ပါတယ်။ မြွေတွေ နေထိုင်တဲ့ တွင်း၊ ခြုံ၊ ဂျောင်ကြားတွေက ရေဖုံးလွှမ်းသွားတဲ့အတွက် အမြင့်နေရာတွေနဲ့ ရေမရှိတဲ့နေရာတွေကိုတက်လာကြတာ ဖြစ်ပါတယ်။

ရေကြီးရေလျှံတဲ့အခါ မြွေတွေ ဘယ်လိုနေရာတွေမှာ ခိုအောင်းနိုင်သလဲ။

-ရေကြီးတဲ့ ဒဏ်ကြောင့် ရေနဲ့အတူ မြောပါလာတဲ့ အမှိုက်အစုတွေ

-ရေဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပစ္စည်းအကျိုးအပဲ့တွေ

-ရေဝပ်နေတဲ့အခန်းတွေ မှာခိုအောင်းနေနိုင်ပါတယ်။

ဒါကြောင့် မျောပါလာတဲ့ ပစ္စည်းတွေကို ချက်ချင်း ကောက်မကိုင်ပါနဲ့။ လက်အိတ်စွတ်ပါ (သို့) တုတ်နဲ့ ထိုးပြီး အရင်ခါချပစ်ပါ။ မြွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် သူခိုနေတဲ့ ပစ္စည်းပုံကို တုတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းတွန်းထုတ်ပါ။ လျှပ်တပျက်လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။ အနားမကပ်ပါနဲ့။ သူတို့လည်း ရေဘေးဒဏ်ကြောင့် ပင်ပန်းပြီး ကြောက်လန့်နေတဲ့အတွက် ပုံမှန်အချိန်ထက် ကိုက်ခံရနိုင်ခြေ ပိုများနေတတ်ပါတယ်။

ရေကြီးတဲ့အချိန် မြွေတစ်ကောင်နဲ့တွေ့တဲ့အခါ မိမိဘာသာ မြွေအမျိုးအစားကို အလွယ်မခွဲခြားဖို့ အရေးကြီးပါတယ်။ မြွေဟောက်၊ မြွေပွေးတို့လည်း ရေကူးတတ်တဲ့အတွက် မြွေအမျိုးအစားခွဲခြားတာနဲ့ပတ်သတ်လို့ မပေါ့ဆဖို့လိုပါတယ်။ အကယ်၍ မတော်တဆမြွေကို.က်ခံရတဲ့အခါ မှန်ကန်တဲ့ ရှေးဦးသူနာပြုနည်းကို အသုံးပြုပြီး Snakebite Emergency Cases and Identification (Myanmar) ဖေ့ဘွတ်ဂရု မှာမေးလို့ရပါတယ်။ ဘယ်မြွေ အမျိုးအစားမဆို အကို.က်ခံရရင် နီးစပ်ရာ ဆေးရုံကိုအမြန်ဆုံးသွားဖို့လိုပါတယ်။

မြွေအမျိုးစား(အဆိပ်ရှိ၊ မရှိ စသည်) ကို ခွဲခြားသိဖို့ လုံခြုံတဲ့ အကွာအဝေးကနေ ဓာတ်ပုံတွေ ရယူပြီး NSCI Group Native Species Conservation and Identification in Myanmar ဖေ့ဘွတ်ဂရုမှာလည်း သွားရောက်မေးမြန်းလို့ ရပါတယ်။

မြွေကို က်ခံရတဲ့အခါ မြွေအမျိုးအစားခွဲခြား သိခြင်းက အထောက်အကူဖြစ်ပေမယ့် အမျိုးအစားမသိတဲ့အခါ အောက်ပါအချက်တွေကို လုပ်ဆောင်ပေးပါ။

၁။ ပထမဦးဆုံး အနေနဲ့ လူနာကို မကြောက်လန့်ဖို့ ပြောပေးပါ။ ကြောက်လန့်ခြင်းက နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကို ပိုမြန်စေတာကြောင့် ခန္ဓာကိုယ်မှာ အချိန်တိုအတွင်း အဆိပ်က အလျင်အမြန်ပဲ ပြန့်နှံ့စေနိုင်ပါတယ်။

၂။ အကို-က်ခံထားရတဲ့ နေရာကို ဆပ်ပြာ၊ ရေကို အသုံးပြုကာ သန့်ရှင်းအောင်ဆေးပေးပါ။ ထို့နောက် နီးစပ်ရာ အစိုးရဆေးရုံသို့ အမြန်ဆုံးသွားပေးပါ။

၃။ လူနာရဲ့ ခန္ဓာကိုယ်မှ တင်းကြပ်စေတဲ့ ပစ္စည်း (လက်ပတ်နာရီ၊ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်) တို့ကို ဖြုတ်ထား/ ချွတ်ထားပေးပါ။

၄။ လူနာကို လဲလျောင်းစေပြီး အကို-က်ခံထားရသော နေရာကို လှုပ်ရှားမှု အနည်းဆုံးဖြစ်အောင် ထားပေးပါ။ (အာရုံကြောကို တိုက်ခိုက်တဲ့အဆိပ်ပါဝင်တဲ့မြွေမျိုး ကို က် ခံရတဲ့အခါ အော့အန် တာမျိုးဖြစ်တတ်တဲ့အတွက် လူနာ ရဲ့ လဲလျောင်းနေတဲ့ ပုံစံအနေအထားဟာ အသက်ရှုလမ်းကြောင်း‌မှာ အန်ဖတ်မပိတ်မိစေဖို့အရေးကြီးပါတယ်)

၅။ကို-က်သွားတဲ့ မြွေရဲ့ ပုံ (သို့) မြွေသေ ကို ဆေးရုံသို့ ယူဆောင်သွားပါ။ မြွေအမျိုးစားကို သိခြင်းက ဆရာဝန်တွေအတွက် ပိုအထောက်အကူ ဖြစ်ပါတယ်။ မြွေပုံ မရလျှင်လည်း အချိန်ကုန်မခံဘဲ unknown bite caseနဲ့ ဆေးရုံကိုသာ သွားပေးပါ။ ဆရာဝန်က လူနာရဲ့ အခြေနေကို ၂၄နာရီ စောင့်ကြည့်ကာ ရောဂါလက္ခဏာပေါ် မူတည်ပြီး ကိုက်ညီတဲ့ မြွေဆိပ်ဖြေဆေး သို့မဟုတ် ကုသမှုကို ဆက်လုပ်ပေးပါလိမ့်မယ်။

၆။ မြွေဆိပ်ဟာ သွေးကြောထဲကတဆင့် ပြန့်နှံ့တာ မဟုတ်တာကြောင့် မြွေကိုက်ဒဏ်ရာကို ဓားနဲ့ထိုးဖောက်ခြင်း ၊ ပါးစပ်နဲ့ စုပ်ထုတ်ခြင်း၊ ဆေးမီးတိုတွေအုံခြင်း စသည်တို့ဟာ ဒဏ်ရာကို ပိုးဝင်ကာ ပိုဆိုးစေပါတယ်။ (မည်သည့်ဆေးမြီးတိုမျှ မပြုလုပ်ပါနဲ့)

၇။ မြွေဆိပ်ကို မြွေဆိပ်ဖြေဆေးတစ်မျိုးတည်းနဲ့သာ ကုသနိုင်တာကြောင့် မြွေဆိပ်ဖြေဆေးရှိတဲ့ အစိုးရဆေးရုံကိုသာ အရောက်သွားပေးပါ။

ကိုးကား – Wildlife of Myanmar ၊ Native Species Conservation & Identification

ဓါတ်ပုံများ – Snakebite Emergency Cases and Identification

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature