Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ကွက်သစ် ၁ ခုကို ထိုင်းနဲ့ပေါင်းပြီး တူးဖော်ဖို့ စစ်ကောင်စီ စာချုပ်ချုပ်

မုတ္တမကမ်းလွန်လုပ်ကွက် M-10 ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်သစ်ကို “မင်းရဲသူ” လို့ အမည်ပေးပြီး ထိုင်းကုမ္ပဏီ Gulf Petroleum Myanmar နဲ့ မြန်မာရေနံနဲ့ သဘာဝလုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ကြေညာပါတယ်။

မင်းရဲသူစီမံကိန်းရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲဖို့အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် (PSC) ကို မနေ့ မေလ ၂၉ ရက်က နေပြည်တော်မှာ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ လုပ်ငန်းနဲ့ ထိုင်းကုမ္ပဏီ Gulf Petroleum Myanmar Co., Ltd. တို့ကြား လက်မှတ်ရေးထိုးချုပ်ဆိုကြပါတယ်။

အဲဒီစီမံကိန်းကနေ ၂၀၂၈ ခုနှစ်ထဲ ပထမဆုံး သဘာဝဓါတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး အခု မုတ္တမကမ်းလွန် လုပ်ကွက် မင်းရဲသူစီမံကိန်းဟာ စစ်ကောင်စီလက်ထက်မှာ ပထမဆုံး အကောင်အထည် ဖော်ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။

“ယခုလို ဆောင်ရွက်ခြင်းဖြင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ငွေကြေးထည့်ဝင်မှု အားကောင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ခြင်း၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်၊ ပြည်တွင်း ရေနံနှင့် သဘာဝဓါတ်ငွေ လိုအပ်ချက်ကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်” လို့ စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

လက်ရှိ ထုတ်ယူလျက်ရှိတဲ့ ကမ်းလွန်စီမံကိန်းကြီးတွေဟာ သဘာဝအလျောက် ထုတ်လုပ်မှု ကျဆင်းလာနေပြီး စီမံကိန်းပြီးဆုံးမည့်ကာလတွေလည်း နီးကပ်လာတဲ့အတွက် အလားအလားကောင်းတွေရှိတဲ့ လုပ်ကွက်တွေမှာ နေရနံနဲ့ သဘာဝဓါတ်ငွေ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးက ပြောတယ်လို့ စစ်တပ်ရဲ့ သတင်းစာတွေက ရေးသားဖော်ပြပါတယ်။

မြန်မာမှာ လက်ရှိအချိန်ထိ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်နေရာ ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ စတဲ့ ကမ်းလွန်စီမံကိန်းကြီး ၄ ခု ရှိကြောင်း၊ ထပ်မံရှာဖွေ၊ တူးဖော် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေတဲ့ ကမ်းလွန်စီမံကိန်းကြီး ၂ခု လည်း ရှိကြောင်း သိရပါတယ်။

အခု မင်းရဲသူလုပ်ကွက်သစ်ဟာ မြန်မာနိုင်ငံမှာ ၇ ခုမြောက် ကမ်းလွန်စီမံကိန်းကြီးဖြစ်တယ်လို့ သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature