Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ရွှေတူးဖော်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို မန္တလေးတိုင်းထဲ ကန့်သတ်

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရွှေတွင်းအများအပြားကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ် လုပ်ကိုင်နေချိန်မှာ မန္တလေးတိုင်း အဝင်အထွက် ဂိတ်တွေမှာ ရွှေတူးဖော်ရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို အခြားပစ္စည်းများနဲ့အတူ သယ်ယူခွင့်ကို စစ်ကော်မရှင်က စိစစ်ကန့်သတ်လာပါတယ်။

ရွှေတူး‌ဖော်ရေး လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေ၊ တရားမဝင် စက်သုံးဆီတွေ (စက်ဆီ၊ ချောဆီ၊ ဒီဇင်၊ ဓါတ်ဆီ)၊ လျှပ်စစ်ဆက်စပ်ပစ္စည်းတွေ (ဝါယာကြိုး၊ ဘက္ထရီ၊ ဆိုလာ၊ Power BanK)၊ ဓါတ်မြေဩဇာတွေ (ယူရီယား၊ ပုလဲ ဓါတ်မြေဩဇာ (N- 46%)၊ စကျင်ကျောက်တွေ (မန္တလေးသို့အဝင်သာ) ၊ အောက်ဆီဂျင်အိုးတွေ၊ ဆေးဝါးဆက်စပ်ပစ္စည်းတွေ (စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ၊ လစဉ်သုံးပစ္စည်း၊ ဒိုင်ဘာ အဝတ်အထည်တွေ)၊ သံပိုက်၊ ပိုက်တွေ ( ၃ လက်မနဲ့ အထက်ပိုက်တွေ)ကို ကန့်သတ်ပစ္စည်းတွေထဲ ထည့်သွင်းထားပါတယ်။

မန္တလေးတိုင်းထဲက အဝင်အထွက်တွေကို ထိန်းချုပ်ထားတဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ အဆိုပါပစ္စည်းတွေကို တိုင်းစစ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့် မပါရှိဘဲ ဖြတ်သန်းခွင့်မပြုဖို့နဲ့ စိစစ် စစ်ဆေးပြီးမှသာ ဖြတ်သန်းခွင့် ပြုဖို့ အမိန့်ထုတ်ပြန်လိုက်တာပါ။

“မန္တလေးမှာ ရွှေတူးနေတဲ့ လုပ်ကွက်တွေကို တော်လှန်ရေးတပ်တွေက ထိန်းထားတော့ အဲဒီရွှေတူးဖော်တဲ့ ပစ္စည်းတွေကို ကန့်သတ်လိုက်တာပါ။ စစ်ဆေးရေးဂိတ်တွေကလည်း အဲဒါကို အဓိကထား စစ်တာမျိုးလည်း ရှိတယ်” လို့ မန္တလေးဒေသခံ တဦးက ပြောပါတယ်။

ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ကန့်သတ်ပိတ်ဆို့မှုကြောင့်လည်း ဒေသခံလူထုဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမှုဟာ ပိုမိုဆိုးဝါးလာတော့မယ်လို့လည်း သူက ပြောပါတယ်။

သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရားဒေသတွေက နယ်မြေအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး အဲဒီဒေသတွေမှာ ရွှေလုပ်ကွက်တွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ- မြန်မာပြည်အထက်ပိုင်းက ရွှေလုပ်ကွက်၊ မန္တလေး – PDF နဲ့ ကြော်ငြာပုံ။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature