Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

သဘာဝခေါ်သံ

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး သင်ရိုးညွှန်းတမ်း (ဆရာလက်စွဲ) စာအုပ် ထုတ်ဝေ

ရွေ့ပြောင်းသင်ကြားရေး စင်တာတွေ၊ ကျောင်းတွေအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး သင်ရိုးညွှန်းတမ်း (ဆရာလက်စွဲ) စာအုပ်ကို ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)နဲ့ Istituto Oikos တို့ ပူးပေါင်းပြီး ထုတ်ဝေလိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်တဲ့ FED အဖွဲ့နဲ့ Istituto Oikos တို့က COAST စီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဖန်ငနဲ့ ဖူးခက်တို့က ရွှေ့ပြောင်းမြန်မာပညာရေး စင်တာ ၁၄ ခုနဲ့ ပူးပေါင်း ရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

သင်ရိုးညွှန်းတမ်းစာအုပ်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ရေးသာဖော်ပြထားသလို ပတ်ဝန်းကျင်ဆိုင်ရာ ရှင်းလင်းချက်တွေကို ရုပ်ပုံတွေနဲ့ အသေးစိတ်ရှင်းပြပေးထားပါတယ်။

COAST စီမံကိန်းဆိုတာ ရာသီဥတုပြောင်းလဲမှု၊ ကျားမတန်းတူ ညီမျှမှုနဲ့ လူမှုတာဝန်ခံမှုဆိုင်ရာတွေ ကိုင်တွယ်ဖြေရှင်းရာမှာ ထိုင်းဒေသအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ပါဝင်မှု အားကောင်းလာစေဖို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်ရိုးညွှန်းတမ်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒေသခံ ထိုင်းအသိုင်းအဝိုင်းတွေကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး သဘာဝအရင်းအမြစ်တွေကို ကာကွယ်ဖို့နဲ့ ရပ်ရွာကျန်းမားရေးကို မြှင့်တင်ဖို့အတွက် မျှဝေ တာဝန်ယူမှုကို အားပေးတယ်လို့ ဆိုပါတယ်။

သင်ရိုးညွှန်းတမ်းလက်စွဲစာအုပ်ကို အောက်ပါလင့်ခ်ကနေ ရယူနိုင်ပါတယ်။

https://l.facebook.com/l.php?u=https%3A%2F%2Fdrive.google.com%2Ffile%2Fd%2F1FodHuK9P_TIL9uP6NPPrkJt69X1giq5B%2Fview%3Ffbclid%3DIwZXh0bgNhZW0CMTAAYnJpZBExcjhFd2JuV3Z2eWZMM3R0UwEePuOhZdiz34azLrTWlFiwxD85CxKSRj4fA8_nvinOTQEgz1PSHhQNqYFM5WM_aem_jVsLiXKpj9PymBd9LSD6JA&h=AT3pnQMaG5XutsTmUM4Wxq9HpBzgIb45L7scbeUmAU3ibIn5X2kQKptR6kmuOtExe1B0Wh4AH2e75_gKO8LxqsMF_YOJiROxzvWA3DEkgu5_Is7c_3QLVO4Cg6ON_wgMJtvBOCAZkBlSt9JdCc0GShtXrevmbPUOFjc_tGGUBd_70qJxKY9tXU8C-mzX4Sv3Ayvovc7U4dmQDrQrJxOZhjBsx3_qncLE77AnutU_a9gNXoceeADeRWXTHw3_R44V49AUh9tjjohPb4CWlLEO0FuFGNXPmrtL79AQ1oIiEy3-b7aoZysSjXxUWtFsz0SMY5U&__tn__=-UK-R&c[0]=AT3a9dR-iKPweSBhMVqq_-MT5N6t0KJif6V43HKsHxewpRqNzqlTcYArgU_A36i513qJ6z9gPklBxG51Ods7XjPbMRQueMb6OwzcwYt0TmlC7lZO313jwZE5022NdFEWXFsDholbh6_YBKlDCyqORfVlL1c8WVo8tZAL3qNWK9uM_tO_AZ6egPFIoCnSlu26z43AN3EHGLXNgREOnfKG8CTA7HuHLg
Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature