Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

အာရှရေငှက်စာရင်းကောက်မယ့် အစီအစဉ်က ငှက်ဝါသနာရှင်တွေကို ဖိတ်ခေါ်နေ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ထဲရှိ ကန်နဲ့ အင်းတွေမှာ ရေငှက်စာရင်းကောက်ယူခြင်းအစီအစဉ်ကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ၊ ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တံတားဦးမြို့နယ်ထဲက ပြူကန်၊ ပလိပ်အင်းနဲ့ ဘနောအင်းတွေမှာ အာရှရေငှက်စာရင်းကောက်ခြင်း အစီအစဉ် (Asian water bird census) ကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်း (BANCA)နဲ့ ရွှေကန်သာယာ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်း(SKTY)တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“ရေငှက်စာရင်းကောက်တယ်ဆို တာက ကျနော်တို့ ကန်ကို ငှက်က မျိုးပေါင်းစုံလာတယ်။ အရင်တုန်းက သင်တန်းတွေ မတက်ခင်ကတော့ ဘာငှက်တွေမှန်း မသိဘူး။ ထိန်းသိမ်းခြင်းလည်း မရှိခဲ့ဘူး။ အခုကြတော့ ရှားပါငှက်မျိုးစိတ်ဖြစ်တဲ့ ပို့ချပ်ခေါင်းစိမ်းတွေက ဒီကိုရောက်နေတယ်ဆိုတော့ ကျနော်တို့က အသင်းလေးကို တည်ထောင်ပြီး ထိန်းသိမ်းတာပါ” လို့ ပြူကန်ထိန်းသိမ်းရေး ဖွဲ့စည်းထားတဲ့ ရွှေကန်သာယာ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ငှက်စာရင်းကောက်ယူပြီးသွားရင် မျိုးစိတ်ခွဲမှာဖြစ်ပြီ အဲဒီနောက် အာရှရေငှက်စာရင်းမှာ တင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ငှက်ဝါသနာရှင်တွေ၊ ငှက်ကြည့်ခြင်းကို စိတ်ဝင်စားသူတွေနဲ့ Volunteer အဖြစ် ပါဝင်လုပ်ဆောင်လိုသူတွေဟာ BANCA နဲ့ SKTY အဖွဲ့တွေထံ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

ပြူကန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ တည်ရှိတဲ့ နိုင်ငံတကာအဆင့် အရေးပါတဲ့ ရေဝပ်(ရမ်ဆာ)ဒေသအဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အသိအမှတ်ပြုခံထားရပါတယ်။

ပြူကန်ရေဝပ်ဒေသမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်ဖြစ်တဲ့ ပို့ချပ်ခေါင်းစိမ်း (Bacr’s Pochard Aythya Baeri) နဲ့ အခြားရှားပါး ဆောင်းခိုရေဘဲမျိုးစိတွေ လာရောက်ပြီး ဆောင်းခိုနေလေ့ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – BANCA

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature