Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

NUG ဒုဝန်ကြီးနဲ့ သယံဇာတစီမံခန့်ခွဲရေးအဖွဲ့တွေ စစ်ကိုင်းတိုင်းထဲ ကွင်းဆင်း

NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်အဖွဲ့နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ပအဖအဖွဲ့တွေ၊ သယံဇာတအဖွဲ့တွေနဲ့ တပ်ရပ်တပ်ဖွဲ့တချို့က တာဝန်ရှိသူတွေ မြေပြင်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုတွေမှာ NUG အစိုးရအဖွဲ့က ဒုတိယဝန်ကြီး ခွန်းစောဖူး ဦးဆောင်ပြီး သတ္တုနဲ့ ကျောက်မျက် ကဏ္ဍမှ အတွင်းဝန်၊ သစ်တောနဲ့ ပတ်ဝန်းကျင်ကဏ္ဍမှ ဒုတိယအတွင်းဝန်နဲ့ အခြားခရိုင်အဆင့် တာဝန်ရှိသူတွေ ပါဝင်တယ်လို့ အဆိုပါဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ သယံဇာတအဖွဲ့တွေ၊ တပ်ရင်းတပ်ဖွဲ့အချို့မှ တာဝန်ရှိသူတွေ၊ အခြားမြေပြင်မှာ ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးခေါင်ကတော့ “မြေပြင် အထူးခရီးစဉ်” ဖြစ်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ လူထုကို အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေကို လိုက်လံတွေ့ဆုံပြီး ဆွေးနွေးနေတဲ့ ဒုဝန်ကြီး ခွန်စောဖူး ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းက ရွှေတွင်းတွေ၊ သစ်တောနယ်မြေတွေနဲ့ ကျေးရွာလူထုတွေဆီကိုလည်း သွားရောက်လေ့လာခဲ့ကြတယ်လို့ ဓါတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့ ဒေသတွေ အများအပြား ရှိသကဲ့သို သယံဇာတ ထုတ်ယူပြီး တော်လှန်ရေးရန်ပုံငွေ ရှာဖွေနိုင်မှုတွေ ဆောင်ရွက်နိုင်တဲ့ ဒေသဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ရှင်သန်ရပ်တည်‌ရေး၊ ဒေသကာကွယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေ တစ်ရပ်ရရှိရန်နဲ့ တော်လှန်ရေး ကာလအတွင်း သယံဇာတလုပ်ငန်းတွေကို အတတ်နိုင်ဆုံး စနစ်တကျ စီမံနိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သယံဇာတ စီမံအုပ်ချုပ်ခြင်း လုပ်ငန်းတွေကို NUG အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလသယံဇာတစီမံခန့်ခွဲရေးကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ တိုင်းနဲ့ ပြည်နယ်အလိုက် အထူးသယံဇာတလုပ်ငန်းအဖွဲ့၊ ခရိုင်နဲ့ မြို့နယ် သယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ စတဲ့ အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တော်လှန်ရေးကာလအလွန် အကောင်အထည် ဖော်ဆောင်မယ့် ဖက်ဒရယ်သယံဇာတ မူဝါဒလုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့ ပြည်သူဗဟိုပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထများ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်နေပြီး သယံဇာတကို တစ်ဦးတစ်ယောက်/ တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။

ဓါတ်ပုံ – NUG အစိုးရ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature