Connect with us

Hi, what are you looking for?

Untitled design - 1

နိုင်ငံတကာ

တရုတ်ပို့မယ့် ဘတ် ၂ သန်းကျော်တန်၊ ငါးမန်းဆူးတောင် ၄၀၀ ကျော် ဘန်ကောက်လေဆိပ်မှာ ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမီနိုင်ငံတကာ လေဆိပ်ရဲ့ ကုန်ပစ္စည်းသိုလောင်ရုံမှာ ဘတ် ၂ သန်းကျော် တန်ဖိုးရှိတဲ့ ငါးမန်းဆူးတောင် ၄၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁ ရက်က သုဝဏ္ဏဘူမီနိုင်ငံတကာ လေဆိပ် (Suvarnabhumi Airport) ရဲ့ ကုန်ပစ္စည်းသိုလောင်ရုံတခုမှာ “ငါးခြောက်” လို့ တံဆိပ်ကပ်ထားတဲ့ မသင်္ကာစရာ ကုန်ပစ္စည်းပို့ဆောင်မှုတွေကို ထိုင်းအကောက်ခွန်ပါဝင်တဲ့ အာဏာပိုင်ပူးပေါင်းအဖွဲ့က စီးနင်းရှာဖွေမှာ ဖမ်းဆိးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာန The Nation က မေလ ၃ ရက်မှာ ရေးသားဖော်ပြပါတယ်။

အလေးချိန် ၁၀၂ ကီလိုဂရမ်ရှိတဲ့ ငါးမန်းဆူးတောင် ၄၀၂ ခုကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ကာလတန်ဖိုးမှာ ခန့်မှန်းခြေ ထိုင်းဘတ်ငွေ ၂ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီငါးမန်းဆူးတောင်တွေဟာ Trinidad နဲ့ Tobago ဒေသဘက်က တရုတ်နိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် ပစ္စည်းတွေ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Untitled design – 1

နိုင်ငံတကာ CITES သဘောတူညီချက် (မျိုးသုဉ်းလုနီးပါး သတ္တဝါတွေ ကုန်သွယ်မှု သဘောတူညီချက်)ကို ချိုးဖောက်နိုင်တဲ့ ကုန်ပစ္စည်းပို့ဆောင်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ၊ အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာန (GACC) ရဲ့ တရားမဝင်မှောင်ခိုကုန်တိုက်ဖျက်ရေးဗျူရိုရဲ့ သတင်းအချက်အလက်အရ ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီငါးမန်းဆူးတောင်တွေကို ထိုင်းနိုင်ငံထဲ တင်သွင်းမှုဟာ ထိုင်းဥပဒေအများအပြားကို ချိုးဖောက်မှုဖြစ်တယ်လို့ ထိုင်းအကောက်ခွန်ဌာနက ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းခြင်းနဲ့ ကာကွယ်ခြင်း အက်ဥပဒေ (၂၀၁၉) ၊ တရိစ္ဆာန်ကူးဆက်ရောဂါ အက်ဥပဒေ (၂၀၁၅) ၊ တော်ဝင် ငါးလုပ်ငန်း အမိန့်၊ စည်းမျဉ်း၊ ဥပဒေ (၂၀၁၅) နဲ့ အကောက်ခွန် အက်ဥပဒေတို့ကို ချိုးဖောက်ကျူးလွန်မှုဖြစ်တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ငါးလုပ်ငန်းဌာနကို လွှဲပြောင်းခဲ့ပြီး အမှုကိုလည်း ဥပဒေအရ အရေးယူနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်းဝန်းကြီးချုပ် Paetongtarn Shinawatra ရဲ့ ညွှန်ကြားချက်အရ တရားမဝင်ကုန်စည်တွေ မှောင်ခိုတင်သွင်မှုကို ထိုင်းအကောက်ခွန်ဌာနက အရှိန်မြှင့် တိုက်ဖျက်နေတယ်လို့ သိရပါတယ်။

ကိုးကား – The Nation Thailand

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

နွေရာသီကာလရောက်လာပြီးဖြစ်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအစီအမံတွေ ထားရှိ၊ လုပ်ဆောင်သွားကြရန် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက သတိပေးနှိုးဆော်နေပါတယ်။ ထန်တလန်မြို့နယ်မှာ ဒေသခံပြည်သူတွေ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာမယ့် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မိမိနေအိမ်၊ ကျေးရွာတွေမှာ...