Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချင်းမိုင် ရေကြီးမှုမှာ နိုင်ငံခြားသားတွေ အကူအညီလိုအပ်ရင် ၁၁၅၅ ထံ အကူအညီတောင်းနိုင်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ရေကြီးရေလျှံမှုတွေ ပိုမိုဆိုးဝါးလာတာကြောင့် နိုင်ငံခြားသားတွေ အကူအညီလိုအပ်ရင် ၁၁၅၅ ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့ ချင်းမိုင်တိုးရစ်ရဲတပ်ဖွဲ့က ဒီနေ့ စက်တင်ဘာလ ၂၆ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ချင်းမိုင်မှာ ရေကြီးရေလျှံမှုတွေက ပိုမိုဆိုးဝါးလာနေတယ်လို့ သတိပေးဖော်ပြထားပြီး နိုင်ငံခြားသားတိုးရစ်တွေ အပါအဝင် ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေကို သတိပြု စောင့်ကြည့် နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ရေဝင်ရောက်နိုင်တဲ့ နေရာက ပစ္စည်းတွေကိုလည်း အမြင့်ဘေးကင်းလုံခြုံရာတွေဆီကို ရွှေ့ပြောင်းသိမ်းဆည်းထားဖို့လည်း သတိပေးထားပါတယ်။

ချင်းမိုင်မြို့မှာ ပင်မြစ်ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်မှု လျော့ပါးနိုင်ရေးအတွက် ဒေသခံပြည်သူတွေ ကြိုတင်ကာကွယ် တားဆီးမှုတွေ ပြုလုပ်နေကြတယ်လို့ ဘန်ကောက်ပိုစ့်က သိရပါတယ်။

ဒီနေ့ နံနက်ပိုင်းမှာ Mae Ngat ဆည်ရေ ဖောက်ချခဲ့တာကြောင့် ပင်းမြစ်ဘေးတလျှောက်က ရပ်ကွက်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

ကိုးကား – Khaosod English ၊ Bangkok Post

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....