Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယကို ရှားပါးမျောက်တွေ တရားမဝင်တင်သွင်းနေသူ မြန်မာ ၁ ဦး ဖမ်းဆီးခံရ

မြန်မာ- အိန္ဒိယနယ်စပ်၊ မိုဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား တဦးဟာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ မျောက် ၄ ကောင်ကို အိန္ဒိယဘက် တရားမဝင်တင်သွင်းဖို့ ကြိုးပမ်းစဉ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မိုဇိုရမ်ပြည်နယ်၊ Zokhawthar ထဲက စစ်ဆေးရေးဂိတ်တခုအနီးမှာ ရူးပီးသိန်း ၆၀ တန်ဖိုးရှိတဲ့ ရှားပါးမျိုးစိတ်ဖြစ်တဲ့ De Brazza မျောက် ၄ ကောင်ကို Camphai ခရိုင်သစ်တော ဦးစီးဌာနနဲ့ အာသံရိုင်ဖယ်တပ်က ဒီဇင်ဘာလ ၁၇ ရက်က ကယ်တင်နိုင်ခဲ့တယ်လို့ The India Today သတင်းဌာနက သိရပါတယ်။

တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်မှု တိုက်ဖျက်ရေး စီမံချက်နဲ့ နှစ်နိုင်ငံကြားက မှောင်ခိုရောင်းဝယ်မှုတွေကို စောင့်ကြည့်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား အသက် ၄၀ နှစ်အရွယ် လတ်ချန်းဟင်မ်းကိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆီမှာ လှောင်ထားတဲ့ ရှားပါးမျောက်တွေကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်ရောင်းဝယ်ရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသားကို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုးကား – IndiaToday NE

Click to comment

သတင်း

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက ရေအားလျှပ်စစ်စီမံကိန်းတွေ ပြီးစီးပါက နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်ရန် စီမံဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်အစိုးရအဖွဲ့၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်အစိုးရ၊...