Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ချင်းမှာ မီးဘေးအန္တရာယ် ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ဖို့ CDF တွေ နှိုးဆော်နေ

နွေရာသီကာလရောက်လာပြီးဖြစ်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအစီအမံတွေ ထားရှိ၊ လုပ်ဆောင်သွားကြရန် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက သတိပေးနှိုးဆော်နေပါတယ်။

ထန်တလန်မြို့နယ်မှာ ဒေသခံပြည်သူတွေ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာမယ့် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မိမိနေအိမ်၊ ကျေးရွာတွေမှာ သဲ၊ ရေ၊ မြေစာ ထည့်တဲ့ ပလတ်စတစ်အိတ်တွေ၊ မီးသတ်ဝါးလုံးတွေ ဆောင်ထားကြဖို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထန်တလန်မြို့နယ်ကောင်စီ/ CDF – ထန်တလန်က ထုတ်ပြန်ပါတယ်။

ကျေးရွာအနီးက ဥယျာဉ်ခြံရှင်တွေအနေနဲ့ မတ်လ ၁၀ ရက်မတိုင်မီ မီးတားလမ်း ဖော်ဆောင်ဖို့နဲ့ ဥယျာဉ်ခြံတွေကို မီးရှို့ရှင်းဖို့ကို အသိပေးထားသလို တောင်ယာမီးမရှိုမီလည်း မီးတားလမ်းတွေ စနစ်တကျ လုပ်ဆောင်ဖို့ ၊ တောင်ယာမီးမရှို့မီ ဒေသရုံးကို ကြိုတင်သတိပေးပို့ဖို့နဲ့အတူ ဧပြီလ ၃၀ ရက်မတိုင်မီ တောင်ယာတွေ မီးရှို့ပြီးစီးဖို့ အသိပေးထုတ်ပြန်ပါတယ်။

မင်းတပ်မြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း နွေရာသီကာလ မီးဘေးအန္တရာယ် ကာကွယ်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ မြို့သန့်ရှင်းသာယာလှပရေးအတွက် နေအိမ်ဝန်းကျင်တွေ၊ ရပ်ကွက်လမ်းတွေကို မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်မှာ ကြေညာပါတယ်။

ကန်ပက်လက်မြို့ပေါ်နေ ပြည်သူတွေအနေနဲ့လည်း နွေရာသီကာလ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့အတွက် မိမိနေအိမ်ဝန်းကျင်နဲ့ အိမ်ရှေ့ မျက်နှာစာတွေကို ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မတ်လ ၃၀ ရက်အတွင်း မပျက်မကွက် သန့်ရှင်း လုပ်ဆောင်ရန် အသိပေးထားပြီး၊ သတ်မှတ်ရက်အတွင်း မလုပ်ဆောင်ပါက အိမ်ဝိုင်း ၁ ဝိုင်းကို ဒဏ်ငွေ ကျပ် ၂ သိန်း ပေးဆောင်ရမယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက် ထုတ်ပြန်ပါတယ်။

အခြားချင်းတော်လှန်ရေးအင်အားစုတွေဟာလည်း ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အစီအမံတွေကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ချင်းပြည်နယ်မှာ ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့ပေါ်မှာ လွဲ၍ ကျန်မြို့နဲ့ ဒေသအားလုံးကို ချင်းတော်လှန်ရေး အင်အားစုများနဲ့ ULA/ AA က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိပါတယ်။

ဓါတ်ပုံ – (Chinland Channel) ၂၀၂၅ ခုနှစ်မှာ ထန်တလန်မြို့နယ်၊ Hmunhalh ကျေးရွာတောင်ယာမီးရှို့စဉ်

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...