Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

စစ်ကိုင်းက ငလျင်ဘေးဒဏ်သင့်မှုကို PDF ရဲဘော်တွေနဲ့သာမက ဆင်တွေနဲ့ပါ ကူညီနေ

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းက ငလျင်ဘေးဒဏ်ကြောင့် လမ်းပျက်စီး ပိတ်ဆို့မှုတွေကို တော်လှန်ရေးရဲဘော်တွေနဲ့သာမက ဆင်တွေနဲ့ပါ ပါဝင်ကူညီဆောင်ရွက်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထံမှ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ထိခိုက်၊ သေဆုံးပြည်သူတွေနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လိုအပ်နေတဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ လူသားစာနာတာဝန်ခံတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ထောက်ပံ့လျက်ရှိတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် အရေးပေါ် အထောက်အပံ့အကူအညီ လိုအပ်နေတဲ့ ဒေသအသီးသီးမှ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ပြည်လည်နေရာချထားရေး ကိစ္စရပ်တွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပ ပြည်သူတွေအနေနဲ့ NUG အစိုးရ၊ ဝန်ကြီးဌာနရဲ့ အောက်ဖော်ပြပါ QR code တွေထံကို တိုက်ရိုက်ပါဝင် လှူဒါန်းနိုင်ပြီး လက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေကို မြေပြင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၃၈၉ ဦးနဲ့ ပျောက်ဆုံး ၃၀အထိ ရှိလာနေတယ်လို့ မတ်လ ၂၉ ရက် နေ့လည်ပိုင်းအထိ စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Click to comment