Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဇီဝမျိုးစုံမျိုးကွဲမိတ်ဆက်သင်တန်းကို ပထမအကြိမ်အဖြစ် Mindful Burma က နိုဝင်ဘာလမှာ ဖွင့်လှစ်မယ်

“ဇီဝမျိုးစုံမျိုးကွဲမိတ်ဆက် – Introduction to Biodiversity”သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သွား မယ်လို့ Mindful Burma အဖွဲ့က မနေ့ အောက်တိုဘာလ ၈ ရက်က ထုတ်ပြန်ပါတယ်။

Mindful Burma Education Program (MBEP) ရဲ့ ဇီဝမျိုးစုံမျိုးကွဲ မိတ်ဆက်သင်တန်းကနေ ဇီဝမျိုးစုံမျိုးကွဲဆိုတဲ့ အခြေခံအချက်တွေကို သင်ကြားပေးမှာဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲတွေထဲက အင်းဆက်လေးတွေအကြောင်းက စလို့ တွားသွားသတ္တဝါတွေ၊ ငှက်တွေနဲ့ အပင်တွေအကြောင်းပါ သင်ယူခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားပေးမယ့်သူတွေဟာ သက်ဆိုင်ရာနယ်ပယ်တွေက ကျွမ်းကျင်သူ ဆရာ၊ ဆရာမတွေဖြစ်ပြီး “ဇီဝမျိုးစုံမျိုးကွဲ မိတ်ဆက်” အတန်းမှာ ဆရာ၊ ဆရာမ (၄) ဦးမှ ပူးပေါင်းသင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို နိုဝင်ဘာလ ၆ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တစ်ပတ်လျှင် ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့တွေမှာ မြန်မာစံတော်ချိန် ည ၇ နာရီမှ ၉ နာရီခွဲအထိ ၃ လကြာ zoom ကနေ သင်ယူရမှာဖြစ်ပါတယ်။ သင်တန်းသား/သူ ၃၀ ဦးအထိ လက်ခံမယ်လို့ သိရပါတယ်။

အောက်ပါလင့်ခ်ထဲကနေ အောက်တိုဘာလ ၁၈ ရက်နောက်ဆုံးထား၊ လျှောက်လွှာဖြည့်ကာ လျှောက်ထားနိုင်ပြီး အင်တာဗျူးဖြေဆိုခွင့်ရရှိသူတွေကို အီးမေးလ်ကနေတဆင့် ပြန်လည်ဆက်သွယ်ပေးသွားမယ်လို့ သိရပါတယ်။

https://forms.gle/yuViFYvKDDXZtdXj7

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...