Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ညောင်တုန်းမြို့မှာ မြစ်ကမ်းပါးပြိုလို့ နေအိမ် ၁၀ လုံးကျော် ရေမျော၊ အိမ် ၃၀ ကျော် ရွှေ့ပြောင်းရ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၁၀ လုံးကျော် ရေမျောပါသွားသလို အိမ် အများအပြားကိုလည်း ရွေ့ပြောင်းနေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ညောင်တုန်းမြို့၊ ရန်ကင်းစံရာအနောက်ကျွန်း အမှတ် ၄ ရပ်ကွက်မှာ မြစ်ကမ်းပါးပြိုကျမှုဟာ မေလ ၂၄ ရက် ည ၁၂ နာရီခန့်မှာ စတင်ဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံးကျော်က မြစ်ထဲပါသွားခဲ့ပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မြစ်ကမ်းပါးဆက်လက်ပြိုကျမှာ စိုးရိမ်းရတာကြောင့် လက်ရှိမှာ အိမ် ၃၀ ကျော်ကို ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။

မြစ်ကမ်းပါးပြိုကျမှု ဒဏ်ခံနေရတဲ့ အိမ်တွေဟာ အိမ်ကြီးအိမ်ကောင်းတွေ၊ တဲဝါးအိမ်တွေ စတဲ့ အခြေအနေ ပုံစံအမျိုးမျိုး ရှိကြပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး