Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဒီနှစ် အာရှရေပျော်ငှက်စာရင်းကောက်ယူရာ အင်းတော်ကြီးအိုင်နဲ့ ဆက်စပ်ဒေသမှာ ဆောင်းခိုငှက်မျိုးစိတ် ၂၉ မျိုးနဲ့ ဒေသရင်းမျိုးစိတ် ၁၇ မျိုး တွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နဲ့ ဆက်စပ်ရေဝပ်ဒေသ‌တွေမှာ ဒီနှစ်အတွက် အာရှရေပျော်ငှက် စာရင်းကောက်ယူရာ ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ် ၂၉ မျိုးနဲ့ ဒေသရင်း ရေပျော်ငှက်မျိုးစိတ် ၁၇ မျိုး တွေ့ရှိရတယ်လို့ အာဏာသိမ်းစစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒီနှစ် ဇန်နဝါရလအတွင်း အဆိုပါငှက်စာရင်းကောက်ယူရာမှာ ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ် ၂၉ မျိုးမှာ ငှက်ကောင်ရေ ၁၇၂၇၅ နဲ့ ဒေသရင်း ရေပျော်ငှက်မျိုးစိတ် ၁၇ မျိုးမှာ ငှက်ကောင်ရေ ၆၉၀၂ ကောင် ၊ စုစုပေါင်း ၂၄, ၁၇၇ ကောင် တွေ့ရှိရတယ်လို့ သိရပါတယ်။

နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ချိန်မှာ ကမ္ဘာ့မြောက်ပိုင်းမှ လာရောက်ဆောင်းခိုလေ့ရှိတဲ့ ငှက်မျိုး စိတ်တွေနဲ့ ဒေသရင်း မျိုးစိတ်တွေဟာ အင်းတော်ကြီးအိုင်၊ အင်းတော်ချောင်းတစ်လျှောက်နဲ့ ဆက်စပ်ရေဝပ်ဒေသက ကိုင်းတောတွေမှာ ကျက်စားလေ့ရှိပြီး တာဝန်ရှိသူတွေက အဖွဲတွေ ခွဲကာ စာရင်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်စာရင်း ကောက်ယူမှုမှာ အရင်နှစ် ၂၀၂၅ နဲ့ နှိုင်းယှဉ်ပါက ရေပျော်ငှက်မျိုးစိတ် ၁ မျိုးနဲ့ ငှက်ကောင်ရေ ၃၉၇၀ ကျော်ခန့် ပိုမိုတွေ့ရရှိ၊ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်ကော်မရှင်၊ သစ်တောဌာန လက်အောက်မှ အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်တဲ့အကြောင်း စစ်ကော်မရှင်ရဲ့ မနေ့က သတင်းစာတွေမှာ ဖော်ပြပါတယ်။

အင်းတော်ကြီးအိုင်ဟာ ၂၀၁၄ ခုနှစ်မှာ အရှေ့အာရှ- ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းရှိ အ‌ရေးကြီး ရေဝပ်ဒေသများ ကွန်ယက်အဖွဲ့ဝင်အဖြစ် နဲ့ ၂၀၁၆ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံရပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနယ်မြေထဲမှာ တည်ရှိပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...