Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဒေသခံတွေထိန်းသိမ်းစောင့်ရှောက်တဲ့ နယ်မြေထဲ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် စာဝါကျားငှက် ၃၀၀ ကျော်တွေ့ရှိ

ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်လည်း ဖြစ်သလို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် – CR ဖြစ်တဲ့ စာဝါကျားငှက်တွေကို ဧရာဝတီတိုင်းထဲက ကျုံကပြင်- တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာအတွင်း အကောင်ရေ ၃၀၀ ကျော် မှတ်တမ်းတင်ပြုစုနိုင်ခဲ့ပြီလို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စုထဲက ကျုံကပြင်- တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာ – KTCG ထဲမှာ ဒီနှစ်လည်း စာဝါကျား ငှက်တွေ ရောက်ရှိနေပြီလို့ သိရပါတယ်။

KTCG ထိန်းသိမ်းရေးနယ်မြေနဲ့ ပတ်ဝန်းကျင်မှာ စာဝါကျားငှက် (Yellow-breasted Bunting) အကောင်ရေးတွေ ပြန်လည်ပေါများလာတာကိုလည်း တွေ့ရှိရတယ်လို့ KTCG အဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ပါတယ်။

မှတ်တမ်းတင်ထိန်းသိမ်းမှုတွေအရ KTCG နယ်မြေနဲ့ ပတ်ဝန်းကျင်ဟာ စာဝါကျားငှက်တွေရဲ့ နေရင်းဒေသအဖြစ် ကောင်းမွန်မှု၊ အစားအစာ ပေါများကြွယ်ဝမှုနဲ့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေရဲ့ ပူးပေါင်းထိန်းသိမ်းစောင့် ရှောက်မှုတို့ကြောင့် စာဝါကျားငှက်မျိုးစိတ်တွေ နှစ်စဉ်နှစ်တိုင်း အကောင်ရေ တိုးပွါးကာ ရောက်ရှိလာနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

စာဝါကျားငှက်တွေ ရောက်ရှိခါစကနေ သူတို့ ပေါက်ဖွားရာဒေသကိ ပြန်အချိန်အထိ ဒေသခံတွေနဲ့ ပညာရှင်တို့ ပူးပေါင်းပြီး ပုံမှန်စာရင်းကောက်ယူခြင်းနဲ့ နေရင်းဒေသ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းတွေအပြင် အသိပညာပေး ပိုစတာတွေ ဖြန့်ဝေခြင်းတွေကိုလည်း နှစ်စဉ်မပျက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီနှစ် သြဂုတ်လ အထိ စာရင်းကောက်ယူထားတဲ့ မှတ်တမ်းတွေအရ KTCG ဧရိယာအတွင်းမှာ ငှက်မျိုးစိတ် စုစုပေါင်း (၁၆၀) ရှိတယ်လို့ သိရပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး