Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဓလေ့ထုံးတမ်းတွေကို လေးစားတဲ့ လူ့အသိုင်းအဝိုင်းတခုကို ဖန်တီးနိုင်ရေးဟာ အနာဂါတ်မျိုးဆက်ကို ပေးမယ့် ဖက်ဒရယ်အမွေဖြစ်တယ်လို့ ဆို

အနာဂါတ်မျိုးဆက်ကို ပေးမယ့် ဖက်ဒရယ်အမွေဟာ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ ဓလေ့ထုံးတမ်း တွေကို လေးစားတဲ့ လူ့အသိုင်းအဝိုင်းတခုကို ဖန်တီးနိုင်မယ့် အမွေကို ပေးနိုင်ဖို့ ဖြစ်တယ်လို့ NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့၊ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ကျင်းပတဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားရာ အဲဒီလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ အနာဂါတ်မျိုးဆက်ကို‌ ပေးမယ့် ဖက်ဒရယ်ဆိုတဲ့ အမွေဟာ တူညီဝတ်စုံတွေ ဝတ်ပြီး အခမ်းအနား ကျင်းပရုံ၊ သီးချင်းသံပြိုင်ဆိုကြရုံ မဟုတ်ပါဘူး။ မိမိတို့ ကိုယ်ပိုင်အမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတဲ့ ၊ မိမိတို့ ကံကြမ္မာ မိမိတို့ ဖန်တီးနိုင်တဲ့၊ တန်းတူညီမျှမှု ရှိတဲ့၊ တခြားလူများရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ ဓလေ့ထုံးတမ်းတွေကို လေးစားတဲ့ လူ့အသိုင်းအဝိုင်းတခုကို ဖန်တီးနိုင်မယ့် အမွေကို ပေးနိုင်ကြဖို့ပဲ ဖြစ်ပါတယ်” လို့ NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲကို ပြန်ရဖို့ စတင်ခဲ့တဲ့ အခြေအနေကနေ သမိုင်းအဆက်ဆက် ဒီလိုအာဏာရှင်မျိုးတွေ ထပ်မံမပေါ်ပေါက်လာအောင် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဖြစ်ပြီး အရင်းအနှီးများလွန်တဲ့ တော်လှန်ရေးတစ်ခု ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီလိုတော်လှန်ရေးဟာ ဒီခေတ်မှာပဲ အောင်မြင်စွာ ပြီးဆုံးနိုင်ဖို့ လိုအပ်ပြီး အနာဂါတ်မျိုးဆက်တွေ ဆက်ထဲကို ရေခံမြေခံကောင်းပြီး အစွမ်းကုန် တိုးတက်ဖို့ တာဆူနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို ထည့်ပေးနိုင်ဖို့ မိမိတို့မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ပေါင်းစုံ စုစည်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား အစုအဖွဲ့ တခုချင်းဆီရဲ့ ကိုယ်ပိုင် အမှတ်အသား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်းဓလေ့၊ ကိုယ်ပိုင် ရိုးရာအမွေအနှစ်တို့နဲ့ နေချင်စဖွယ် တိုင်းပြည်တခု ဖြစ်ခဲ့ပေမယ့် ခေတ်အဆက်ဆက် အာဏာရှင်တို့ရဲ့ ဖိစီးနှိပ်စက်မှုကြောင့် ယနေ့အထိ အားလုံးအတူတကွ ဖန်တီးတည်ဆောက်လိုတဲ့ အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် ရုန်းကန်နေရဆဲအချိန် ဖြစ်တယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...