Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

နိုင်ငံတချို့ရဲ့ သယံဇာတ အမြတ်ထုတ်နိုင်ရေး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အပေးအယူလုပ် ကူညီမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ကြေညာ

နိုင်ငံတချို့ဟာ မြန်မာလူထုဆန္ဒကို မျက်ကွယ်ပြုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို သယံဇာတနဲ့ ပထဝီနိုင်ငံရေး အမြတ်ထုတ်ရန် ရည်ရွယ်ချက်နဲ့ အပေးအယူလုပ် ကူညီနေမှုအပေါ် ကန်ကွက်တယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော် ၁၃ ခုက ပူးတွဲကြေညာချက်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို တော်လှန်နေကြတဲ့ ၂၀၂၀ ရွေးကောက်ခံအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး၊ ချင်း၊ မွန်၊ ရှမ်း၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင် တို့ရှိ ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီတို့က ဇန်နဝါရီလ ၂၉ ရက်မှာ ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုနဲ့ ၎င်းတို့အပေါ် ဩဇာသက်ရောက်မှုရှိတဲ့ နိုင်ငံအချို့ဟာ မြန်မာပြည်သူတို့ရဲ ဆန္ဒကို မျက်ကွယ်ပြုပြီး မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် သယံဇာတနဲ့ ပထဝီနိုင်ငံရေး အမြတ်ထုတ်ရန် ရည်ရွယ်ချက်နဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အပေးအယူလုပ် အားပေးကူညီနေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူတို့ထံမှ ဆင်းသက်ခြင်းဖြစ်ရာ ပြည်သူ့ဆန္ဒမပါဘဲ အာဏာသိမ်း စစ်အုပ်စုနဲ့ ချုပ်ဆိုထားတဲ့ မည်သည့် စာချုပ်၊ မည်သည့် သဘောတူညီချက်မဆို တရားမဝင်ကြောင်း၊ နောင်ပေါ်ပေါက်လာမယ့် မည်သည့်အစိုးရမှာမှ တာဝန်ရှိမှာ မဟုတ်ကြောင်း ပြတ်သားစွာ သတိပေးအပ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ြပပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းမယ့် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်နေ သကဲ့သို့ ရေနံနဲ့ သဘာဝဓါတ်ငွေ့စီမံကိန်းတွေနဲ့ သတ္တုတူးဖော်မှုစီမံကိန်းတွေကို တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတချို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၂၅ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလတို့မှာ ကျင်းပတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲတွေဟာ တရားဝင်မှု မရှိကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်တပ်က အာဏာသိမ်းမှုခဲ့ပေမယ့်လည်း ပြည်သူတို့ အပ်နှင်းလိုက်တဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို ဆက်လက်ကျင့်သုံးပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီအပါအဝင် ပြည်နယ်နဲ့ တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားပြုကော်မတီတွေ ဖွဲ့စည်းကာ လွှတ်တော်လုပ်ငန်းစဉ်တွေကို ဒီနေ့အထိ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က လက်ရှိ ကျင်းပထားတဲ့ ရွေးကောက်ပွဲတွေကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာမှ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ လာမယ့် မတ်လမှာ လွှတ်တော် စတင်ခေါ်မှာဖြစ်ပြီး ဧပြီလထဲမှာ အစိုးရသစ် ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအပါအဝင် ရုရှားနဲ့ နိုင်ငံတချို့ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုထားပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...