Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ပဲခူးဝင်္ဂဘော်ဆင်စခန်းမှာ ဆင်အမြွှာကလေး ရှားရှားပါးပါး မွေးဖွား

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂဘော် ဆင်စခန်းမှာ ဆင်အထီးနဲ့ အမ အမြွှာကလေး ၂ ကောင် ဒီလထဲမှာ ရှားရှားပါးပါး မွေးဖွားလာတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်က ဝင်္ဂဘော်ဆင်စခန်းမှာ အသက် ၂၁ အရွယ်ရှိတဲ့ ဆင်မကလေး ပုလဲစန္ဒာက ပထမဆုံး အကြိမ်အဖြစ် ဆင်မွေးဖွားရာမှာ ဆင်အမြွှာကလေး ၂ ကောင်ကို မွေးဖွာပေးခဲ့တာဖြစ်တယ်လို့ ဝင်္ဂဘော်ဆင်စခန်းက သိရပါတယ်။

ဆင်မကလေး (အကြီး) ပုလဲဆင့်နဲ့ ဆင်ထီးကလေး (အငယ်) ကျော်ပုလဲတို့ဟာ ငါးမီနစ်သာ ခြားပြီး မွေးဖွားလာခဲ့တာဖြစ်ပါတယ်။

ဆင်အမြွှာကလေး ၂ ကောင်ဟာ အရပ်အနည်းငယ် နိမ့်ပြီး နို့မမှီနိုင်ဖြစ်နေလို့ နို့စို့နိုင်ဖို့ ခုံကလေးပြုလုပ်ပေးထားပြီး မိခင်ဆင်မကြီးရဲ့ နို့တမျိုးထဲနဲ့ ဆင်ကလေးတွေ နို့မဝနိုင်လို့ နို့ဘူးနဲ့ပါ တိုက်ကျွေးပြုစုနေရတယ်လို့ သိရပါတယ်။

ဆင်မကြီးကိုလည်း အာဟာရ ပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ဖြည့်စွက်စာတွေ ကျွေးမွေးပြုစုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က မွေးထားတဲ့ ဆင်အမြွှာကလေးတွေကို ဝင်္ဂဘော်ဆင်စခန်းမှာ လာရောက်အပန်းဖြေရင် လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ဆင်အမြွှာကလေး မွေးဖွားမှုဟာ ဝင်္ဂဘော်ဆင်စခန်းမှာ ပထမဆုံးကြိမ် ဖြစ်ပြီ မြန်မာနိုင်ငံမှာတော့ ၁၁ ကြိမ်ခန့် ရှိပြီးလို့ ဆင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

Click to comment