Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မင်းတပ်မှာ ကျေးငှက်သားပေါက်ချိန် ငှက်ပစ်အမဲလိုက်ခြင်းကို ၂ လ တားမြစ်ဟု ဆို

ရှားပါးငှက်မျိုးစိတ်တွေ နေထိုင်ရှင်သန်နေတဲ့ မင်းတပ်မြို့နယ်မှာ မေလ ၁ ရက်မှ စတင်ပြီး ၂ လတိတိကို ကျေးငှက်တွေ သားပေါက်ချိန်ဖြစ်တဲ့အတွက် ငှက်ပစ်အမဲလိုက်ခြင်းကို တားမြစ်ပိတ်ပင်တယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။

မေလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ကျေးငှက်းတွေ အသိုင်းအတွင်း ဥ, ဥချပြီး သားပေါက်ချိန်တဲ့အတွက် အဖိုးတန် သဘာဝတောရိုင်းတိရစ္ဆာန်းတွေကို ကာကွယ်ဖို့အတွက် လေသေနတ်၊ တူမီးသေနတ်၊ ပွိုင့်တူးတူး (.၂၂) သေနတ်၊ လောက်လေးဂွနဲ့ ငှက်ပစ်အမဲလိုက်ခြင်းကို တားမြစ်လိုက်တာဖြစ်ပါတယ်လို့ မေလ ၁ ရက်က မင်းတပ်- ပအဖက ဆိုပါတယ်။

မင်းတပ်မြို့နယ်ဒေသမှာ ကျေးငှက်တွေဟာ ရှားပါးငှက်မျိုးစိတ်တွေ ပါဝင်ကြပြီး အဖိုးတန်သဘာဝအမွေအနှစ်တွေ ဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမှာ ဖြစ်သလို အနာဂါတ်ကာလမှာ ဒေသခံလူထုဟာ ခရီးသွားလာရေး ကဏ္ဍမှတဆင့် ဝင်ငွေ ရရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

default

ဒီတားမြစ်ချက်ကို အလေးအနက်ထား လိုက်နာကြဖို့နဲ့ နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမယ်လို့ ကြေညာထားပါတယ်။

မင်းတပ်မြို့နယ်မှာ အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာဦးသစ်တောတွေ၊ ရှားပါး လိပ်ပြာမျိုးစိတ်တွေ၊ ကျေးငှက်တွေ၊ သစ်ခွမျိုးစိတ်တွေနဲ့ မြင့်မားလှတဲ့ တောင်စဉ်တောင်တန်းတွေ တည်ရှိပြီး သဘာဝတောရိုင်းတိရစ္ဆာန် ပေါင်းစုံ ကျက်စားရာဒေသတခုဖြစ်တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်မှာ မျက်ခုံးဖြူငှက်ပြာခြောက်နဲ့ အောက်ချင်းငှက်အပါအဝင် ငှက်မျိုးစိတ် အများအပြား ရှင်သန်နေထိုင်ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – HKL Mindat၊ ချင်းဝေါလ်၊ CJ

Click to comment