Connect with us

Hi, what are you looking for?

smart

ဇီဝမျိုးစုံမျိုးကွဲ

မင်းတပ်မှာ ကျွဲ၊ နွား၊ နွားနောက်တွေကို ရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးနေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ကျွဲ၊ နွား၊ နွားနောက် အားလုံးကို ဒေါင့်သန်းရောဂါကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ ထိုးနှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနဲ့ ကုသရေးဌာနထံမှ သိရပါတယ်။

ကာကွယ်ဆေးထိုးနှံ့မှု အခမဲ့ အစီအစဉ်ကို မတ်လ ၁၉ ရက်က စတင်ဆောင်ရွက်နေပြီး မိမိတို့ ကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကောင်ရေ စာရင်းတွေ ပြုစုကာ မြို့နယ် မွေးမြူးရေးနဲ့ ကုသရေးဌာနသို့ ချိတ်ဆက်ထုတ်ယူနိုင်တယ်လို့ မင်းတပ်မြို့ ပအဖက ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံတွေက သူတို့ မွေးမြူးထားတဲ့ နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက်တွေကို ရဲဘော်တွေရဲ့ ရိက္ခာအတွက် ပါဝင်လှူဒါန်ပေးတာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ အခမဲ့ ထောက်ပံ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အထိ မင်းတပ်မြို့နယ်မှာ ကျွဲ၊ နွား၊ နွားနောက် အကောင်ရေ ၂၅၀၀၀ ဝန်းကျင်အထိ ရှိခဲ့ပေမယ့် ရောဂါတွေ တမျိုးပြီး တမျိုး ဖြစ်ပွားခြင်းအပါအဝင် ခွာနာလျာနာဖြစ်ခြင်း၊ တောင်ကောင်းတွေ ဝင်ဆွဲစားသောက်ခြင်းတို့ကြောင့် လက်ရှိမှာ အကောင်ရေ ၂၀၀၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလကလည်း မင်းတပ်မြို့မှာ လေလွင့်ခွေး၊ ကြောင်နဲ့ မြို့အနီးရှိ ရွာတွေက အိမ်မွေးခွေး၊ ကြောင်တွေကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့မှာ စစ်ကောင်စီ ကင်းစင်ပြီးနောက် ဒေသခံပြည်သူများကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မင်းတပ်တော်လှန်ရေးအင်အားစုက ဆောင်ရွက်နေပါတယ်။

ဓါတ်ပုံများ – မင်းတပ် ပအဖ

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး