Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မန္တလေးမှာ ဘုရားစေတီပုထိုးပေါင်း ၂၉၀ ပျက်စီးပြိုကျ

မနေ့က မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် မန္တလေးတိုင်းထဲက ဘုရားစေတီပုထိုးပေါင်း ၂၉၀ ပြိုကျပျက်စီးမှုတွေ ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းပေါင်း ၆၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၂၉ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။

ရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ ပြင်းအားမြင့် ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး တခုထဲမှာပင် သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာ ရရှိသူ ၁၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးအထိ ရှိလာနေပြီး ရှာဖွေကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမှာ နေအိမ် ၁၅၉၁ လုံး၊ စာသင်ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု ထိခိုက်ပျက်းမှုများ ရှိခဲ့ပြီး အသေးစိတ်စာရင်းတွေကို ဆက်လက်ကောက်ယူနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ ဦးလှသိန်းဗိမာန် ၃ ထပ်ဆောင် ပြိုကျမှုကြောင့် သံဃာအပါး ၈၀ ခန့် ပျံတော်မှုသွားပြီး မန္တလေးမြို့ထဲမှာ သံဃာတော်တွေ ထိခိုက်မှုအခြေအနေတွေကို စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အင်အားပြင်းငလျင်တွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ များပြားနေတဲ့ မန္တလေးမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့ မနက် မတ်လ ၂၉ ရက်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး