Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာလူထုအတွက် အစားအစာ၊ အမိုးအကာနဲ့ ရေ အပါအဝင်ကဏ္ဍ ၆ ခုထက်မနည်းမှာ EU က ယူရိုငွေ ၃၈.၆ သန်းကျော် ကူညီမယ်

၂၀၂၆ ခုနှစ်အတွင်း မြန်မာလူထုအတွက် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနဲ့ သန့်ရှင်းတဲ့ ရေ အပါအဝင် ကဏ္ဍ ၆ ခုထက် မနည်းမှာ ယူရိုငွေ ၃၈.၆ သန်းကျော် ထောက်ပံ့ကူညီသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ကြေညာပါတယ်။

ယူရိုငွေ ၃၈.၆ သန်းကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ အရေးပေါ် အာဟာရပံ့ပိုးမှု၊ နေရပ်စွန့်ခွာရသူတွေကို အမိုးအကာ ထောက်ပံ့မှု၊ သန့်ရှင်းတဲ့ ရေနဲ့ အညစ်အကြေးစွန့်ပစ်စနစ်ထောက်ပံ့မှု၊ ပဋိပက္ခ ဒေသတွေရှိ ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှု၊ မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးခြင်းနဲ့ မိုင်းဒဏ်ခံရသူတွေကို ထောက်ပံ့မှု၊ နဲ့ ပညာသင်ကြားကဏ္ဍတို့မှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေကို တုံ့ပြန်ဖို့ ယူရိုငွေ ၆၃ သန်းထဲကနေ ၃၈ သန်းကျော်ဟာ နိုင်ငံအတွင်း ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို ပံ့ပိုးကူညီနိုင်ရေး သုံးစွဲမှာဖြစ်တယ်လို့ ဇန်နဝါရီလ ၃၀ ရက်က ထုတ်ပြန်ပါတယ်။

ယူရိုငွေ ၂၃.၄ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရှိ Cox’s Bazar ဒေသအပါအဝင် နိုင်ငံအတွင်း နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်းနဲ့ လက်ခံကူညီပေးထားတဲ့ ဒေသခံလူထုကို ကူညီပံ့ပို့မှုမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။

ယူရိုငွေ ၁ သန်းကိုတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ နေရပ်အိုးအိမ်စွန့်ခွာလာကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ လက်ခံကူညီပေးထားတဲ့ ဒေသခံလူထုကို အကူအညီပေးဖို့ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

အဆိုပါ လူသားချင်စာနာမှုဆိုင်ရာ အကူအညီတွေ အားလုံးကို အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းတွေ (INGOs)နဲ့ ကုလသမဂ္ဂ အေဂျင်စီများ (UN)ကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းတွေမှတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

မြန်မာ့လူဦးရေ ၁၆ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေပြီး ၎င်းတို့ထဲက ၃.၆ သန်းကျော်ဟာ အတင်းအကျပ် နေရပ်အိုးအိမ်စွန့်ခွာရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်က မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့်လည်း အခြေအနေ ပိုမိုဆိုးဝါးလာတယ်လို့ EU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...