Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြဝတီဒေသ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အကြီးစားရေအားလျှပ်စစ်စီမံကိန်း လုပ်မယ်လို့ ကရင် BGF ဆို

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အကြီးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်းကို မဖြစ်မနေ လုပ်ဆောင်မယ်လို့ ကရင်နယ်ခြားစောင့်တပ် – BGF က ပြောပါတယ်။

မနေ့က ဇွန်လ ၁၇ ရက်နေ့ ကရင်နယ်ခြားစောင့်တပ် – BGF က သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အွန်းလိုင်းသတင်းစာရှင်းလင်းပွဲမှာ နယ်ခြားစောင့်တပ် – BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောတယ်လို့ ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ရေးသားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ပြုလုပ်တဲ့ အဖွဲ့ရဲ့ အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ် ချမှတ်ချက်အရ အရင်က ဆောက်လုပ်ဖို့ လျာထားတဲ့ ဧက ၂၀၀ ရှိတဲ့ စက်မှုဇုန် ဆောက်လုပ်ရေး စီမံကိန်းကို အကောင်အထည်ဖော်သွားမှာ ဖြစ်သလို မြဝတီဒေသ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းကို လုပ်ဆောင်မယ်လို့ သိရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ ၎င်းတို့ တပ်ဖွဲ့ ရေရှည်ရပ်တည်ဖို့ ဒီစီမံကိန်းတွေကို ချပြပြီး မဖြစ်မနေ အကောင်အထည် ဖော်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြီးစားရေအားလျှပ်စစ် စီမံကိန်းကို ဘယ်သူတွေနဲ့ ဘယ်နေရာမှာ အကောင်အထည်ဖော်သွားမယ်၊ ဘယ်အချိန်အကောင်အထည်ဖော်မယ်ဆိုတာ မသိရသေးပါဘူး။

မြန်မာ – ထိုင်း နယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေ၊ လူကုန်ကူးမှုလုပ်ငန်းတွေကြောင့် BGF ထိန်းချုပ်ဒေသ မြဝတီနဲ့ ဘုရားသုံးဆူမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်၊ လောင်စာဆီနဲ့ ကုန်ပစ္စည်း တင်ပို့မှုတွေကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – KIC

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...