Connect with us

Hi, what are you looking for?

မြိုအမျိုးသားနေ့အဖြစ် ဒီဇင်ဘာလ ၂၂ ရက်ကို သတ်မှတ်လိုက်တယ်လို့ မြိုစာပေနဲ့ ယဉ်ကျေးမှုအသင်း ကြေညာ - 1

ဇီဝမျိုးစုံမျိုးကွဲ

မြိုအမျိုးသားနေ့အဖြစ် ဒီဇင်ဘာလ ၂၂ ရက်ကို သတ်မှတ်လိုက်တယ်လို့ မြိုစာပေနဲ့ ယဉ်ကျေးမှုအသင်း ကြေညာ

ချင်းမူနဲ့ ရခိုင်မူအကြား ဝိဝါဒကွဲပြားနေတဲ့ မြိုအမျိုးသားနေ့နဲ့ပတ်သက်လို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို မြိုအမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မြိုအမျိုးသားစာပေနဲ့ ရိုးရာယဉ်ကျေးမှုအသင်း (MroNLCA)က ကြေညာပါတယ်။

လာမယ့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကို ၃၈ နှစ်မြောက် မြိုအမျိုးသားနေ့အဖြစ် နိုင်ငံအရပ်ရပ်၊ နေရာဒေသ အသီးသီးမှာ မြိုလူထုအနေနဲ့ မြိုအမျိုးသားရေး မျိုးစိတ်စိတ်ဓါတ် အစဉ်နိုးကြား တက်ကြွစေဖို့အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့၊ အင်အားစုတွေက ဦးဆောင်ကျင်းပပေးဖို့အတွက် MroNLCA က ဇန်နဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မြိုအမျိုးသားစာပေနဲ့ ရိုးရာယဉ်ကျေးမှုအသင်းကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်မှာ ပြည်တွင်း၊ ပြည်ပရှိ လူငယ်အင်အားစုတွေ၊ ကျောင်းသူ/သားတွေ ဦးဆောင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရှောက်ချောင်းကျေရွာ အုပ်စု၊ ငါးယောက်ကိုင်းကျေးရွာမှာ ကျင်းပတဲ့ မြိုစာပေညီလာခံမှတဆင့် ဖွဲ့စည်းတယ်လို့ သိရပါတယ်။

မြိုအမျိုးသားနေ့နဲ့ ပတ်သက်လို့ ရခိုင်မူနဲ့ ချင်းမူအဖြစ် မြို့လူမျိုးတွေအကြားမှာ ဝေဝါးလျက်ရှိတယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရေညှင်းချောင်းကျေးရွာမှာ စုံလင်ကွဲပြားနေတဲ့ အုပ်စုတွေ တစုတစည်းတည်း ဖြစ်စေဖို့အတွက် မြို(ခမိ)၊ ခမီး၊ မြို (မရူစာ)နဲ့ ဝါကုန်း၊ တွီရွင်၊ ခိုင်နက်၊ ခါတက်၊ ပါမနက်၊ လေခခ်၊ အကေအလောင် စတဲ့ မျိုးနွယ်စုတဲ့ မြိုအမျိုးသား စည်းလုံးညီညွတ်ရေး တွေ့ဆုံမှုကို အစွဲပြုပြီး အဆိုပါနေ့ကို မြိုအမျိုသားနေ့အဖြစ် သတ်မှတ်တယ်လို့ MroNLCA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

MroNLCA ဟာ အဆိုပါ ဒီဇင်ဘာလ ၂၂ ရက်ကို လက်ရှိမှာ မြိုအမျိုးသားနေ့အဖြစ် ကြေညာလိုက်ခြင်းဖြစ်ပြီး ၂၀၂၅ ၊ ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်၊ ထောက်ကြံ့မြို့ရှိ မြို့အမျိုးသားစာပေနဲ့ ရိုးရာယဉ်ကျေးမှုအသင်း (ရန်ကုန်) ရုံးမှာ သက်ဆိုင်ရာကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ဆွေးနွေးပြီး သတ်မှတ်တယ်လို့ သိရပါတယ်။

မြိုလူမျိုးတို့ရဲ့ အမျိုးသားနေ့ဟာ သဇင်ပန်းနဲ့ ကင်းကွာလို့ မရဘဲ သဇင်ပန်းဟာ မြို့လူမျိုးရဲ့ အလေးအနက်ထားအပ်တဲ့ ပန်းဖြစ်တယ်လို့ MroNLCA က ထုတ်ပြန်ပါတယ်။

“မြိုရိုးရာပုံပြင်များတွင်လည်း သဇင်ပန်းပုံပြင်သည် ကလေး၊ လူငယ်၊ လူကြီးကြား၌ ရေပန်းစားသော ပုံပြင်ဖြစ်ပါသည်။ သဇင်ပန်းပုံပြင်ကို နားထောင်ဖူးပါက မြိုလူမျိုး မဟုတ်ဟူ၍ပင် ပြောစမှတ်ပြုကြပါသည်။ သို့ပါသောကြောင့် မြိုအမျိုးသားနေ့ သတ်မှတ်လျှင် သဇင်ပန်းပွင့်သောအချိန်နှင့် သဇင်ပန်း၏ ဂုဏ်အင်္ဂါရပ်လည်း ပါဝင်သင့်ပါသည်။။ မြိုလူမျိုးနှင့် သဇင်ပန်းသည် ခွဲ၍ မဖြစ်သင့်ပေ” လို့ MroNLCA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်က ကျင်းပတဲ့ တတိယအကြိမ်မြောက် မြိုစာပေနဲ့ ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရေးပွဲမှာ မြိုအမျိုးသားနေ့ကို စံကားဝါပန်းပွင့်ချိန် နှစ်ဆန်းကာလကို သတ်မှတ်တယ်လို့ MroNLCA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စကားဝါပန်းပွင့်ချိန်ကာလ တန်ခူးလဆန်း ၂ ရက်နေ့ကို မြိုအမျိုးသားနေ့အဖြစ် ချင်းပြည်နယ်က မြိုလူမျိုးတွေက သတ်မှတ်တယ်လို့ ဆိုပါတယ်။

“ရှေ့ခေတ်ဓညဝတီ (ရက္ခပူရတိုင်း)၌ စည်းလုံညီညွတ်သော မြိုလူမျိုးအပေါင်းတို့သည် ဓညဝတီပြည်၌ မင်းဖြစ်လာမည့် မြိုတောင်မင်း (ငအောင်လာ) ၏ မွေးစားသား မာရယုနှင့် သမီးအရင်း မန်ဘီးတို့ကို လက်ထပ်ထိမ်းမြှားပြီး မြင့်မြတ်သော တောင်ကုန်းပေါ်၌ နန်းဆောင် ၇ ဆောင် ဆောက်လုပ်ကာ မင်းမြောက်ခဲ့လေသည်ဟူ၍ ရှေးမြိုရိုးရာ သီချင်းကြီးများတို့နှင့် ရခိုင်ရာဇဝင်တို့မှ ဆိုထားပါသည်။ ရှေးမြိုရိုးရာသီချင်းကြီးများအဆိုအရ ထိုအချိန်ကာလတို့၌ စံကားဝါပန်းပွင့်ချိန် နှစ်ဆန်းကာလဟု ဖော်ညွှန်ပါရှိပါသည်” လို့ MroNLCA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MroNLCA က သတ်မှတ်လိုက်တဲ့ မြိုအမျိုးသားနေ့နဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်ချင်း သဟဇာတ မဖြစ်မှုတွေနဲ့ အမျိုးသားရေး စည်းလုံးညီညွတ်မှုကို နှောက်ယှက်ဟန့်တားလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အဆိုပါအမျိုးသားနေ့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စင်ပြိုင်ကျင်းပလာနိုင်ခြေတွေ ရှိလာနိုင်တယ်လို့ ဇန်နဝါရီလ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အမျိုးသားရေး စည်လုံးညီညွတ်မှုတွေကို နှောက်ယှက်ဟန့်တားလိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်နည်းကိုယ်ဟန် အမျိုးသားနေ့ ကျင်းပလာပါက အဆိုပါအခမ်းအနားကို ပူးပေါင်းပါဝင်ခြင်း မလုပ်ကြဖို့ကိုလည်း MroNLCA က ထုတ်ပြန်ပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...