Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ယူအေအီးကို ရေနံနဲ့ သဘောဝဓါတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီ ဆွေးနွေး

မြန်မာမှာ အလားအလာရှိပြီး အာမခံချက် ကောင်းမွန်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွေမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) က လာရောက်ရင်းနှီးမြှုပ်နှံရေးကို ဆွေးနွေးနေတယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီ သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက်က နေပြည်တော်၊ စွမ်းအင်ဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ ယူအေအီး သံအမတ်နဲ့တွေ့ဆုံပြီး ကမ်းလွန်လုပ်ကွက်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

မြန်မာ- ယူအေအီး အကာအကွယ်ပေးရေး သဘောတူစာချုပ်၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်၊ ရင်နှီးမြှုပ်နှံမှု တိုးမြှင့်ရေးစာချုပ်တွေကိုလည်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားဆက်သွယ်ရေးအတွက် ချုပ်ဆိုနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ယူအေအီးသံအမတ် Mr. Mutaz Abdullah Abduljaleel Mohamed AI Faheem ကလည်း ကမ်းလွန်လုပ်ကွက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သိရှိလိုတာတွေကို ဝေမျှပေးဖို့ တောင်းဆိုထားတယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စာချုပ်ချုပ်ဆိုနိုင်ရေးတွေကို လျင်မြန်စွာ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို နှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင် အခြားစီးပွားရေး ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယူအေအီးသံအမတ်က ပြောတယ်လို့ ဆိုပါတယ်။

မြန်မာရဲ့ ဘယ်နေရာက ကမ်းလွန်စွမ်းအင်လုပ်ကွက်တွေကို လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ယူအေအီးနိုင်ငံကို ဖိတ်ခေါ်နေသလဲဆိုတာာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလကတော့ မုတ္တမကမ်းလွန်လုပ်ကွက် M- 10 ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ်ကို မင်းရဲသူလို့ အမည်ပေးပြီး ထိုင်းကုမ္ပဏီနဲ့ စစ်ကောင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်မယ်လို့ ကြေညာထားပါတယ်။

Click to comment