Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ အောက်ချင်းငှက်ငယ်လေး ၁ ကောင် ပေါက်ဖွား

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှာ သဘာဝရဲ့ အမွေအနှစ်လည်းဖြစ်ပြီး တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရမယ့် အောက်ချင်းငှက် အကောင်ပေါက်လေး ၁ ကောင် အောင်အောင်မြင်မြင် မွေးဖွားကြီးပြင်းလာနေတယ်လို့ Yangon Zoo က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနှစ် မတ်လ ၉ ရက်မှာ အသိုက်အတွင်း စတင်ဝင်အောင်းခဲ့တဲ့ အောက်ချင်းငှက်မ တစ်ကောင်ဟာ ဧပြီလ ၁၀ ရက်မှာ အောက်ချင်းငှက်ပေါက်စလေးကို စတင်မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁ရက်မှာတော့ မိခင် အောက်ချင်းငှက်မ နဲ့အတူ မွေးကင်စအရွယ် ချစ်စရာကောင်းနေတဲ့ အောက်ချင်း ငှက်ပေါက်လေးဟာ အသိုင်းအတွင်းမှ ခွဲထွက်လာခဲ့ပြီး ငှက်ပေါက်းလေးဟာလည်း ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေ ပြုလုပ်ကာ ပြင်ပလောကနဲ့ စတင်ထိတွေ့နေပြီဖြစ်တယ်လို့ သိရပါတယ်။

လှပတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ အလွန်ချစ်စဖွယ်ကောင်းတဲ့ အောက်ချင်းငှက်ပေါက်လေးဟာ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း သူ့ရဲ့ မိသားစုနဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပြီး အောက်ချင်းငှက်ပေါက်စလေးကို ကြည့်ရှု့ မြင်တွေ့လိုပါက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ အလည်လာဖို့ ဖိတ်ခေါ်နေပါတယ်။

အောက်ချင်းငှက်တွေရဲ့ ဗီဇနဲ့ အကျင့်စရိတ်တချို့သာ လူသားတွေကပင် အတုယူရပြီး အောက်ချင်းငှက်မောင်နှံဟာ ချစ်ခြင်းမေတ္တာကြီးမားမှုရဲ့ သင်္ကေတအဖြစ်လည်း သတ်မှတ်မှုတွေ ရှိပါတယ်။

အောက်ချင်းငှက်တွေဟာ ချစ်ခြင်းမေတ္တာနဲ့ သစ္စတရားကို မြတ်နိုးတန်ဖိုးထားတဲ့ ငှက်မျိုးစိတ်ဖြစ်တယ်လို့လည်း ပြောစမှတ်ပြုကြပါတယ်။

အောက်ချင်းငှက်မတွေ ဥ, အုဖို့ ဝပ်နေတဲ့အခါမှာ အောက်ချင်းငှက်ဖိုဟာ အနားမှာ မခွာဘဲ အစာကို ပုံမှန်ကျွေးပြီး ပြုစုစောင့်ရှောက်တတ်ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Yangon Zoo

Click to comment