Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ရေနံ၊ ဓါတ်ငွေ့အပါအဝင် ကဏ္ဍစုံ ၁၀ ခုကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၉ ခုနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂၆ ခု စစ်ကောင်စီ ခွင့်ပြုထား

စက်မှု၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၉ ခုအပြင် သတ္တု၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အပါအဝင် ကဏ္ဍစုံ ၁၀ ခုထက်မနည်းမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခုကို ခွင့်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြောဆိုပါတယ်။

အဲဒီ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၇၂. ၈၆၅ သန်း နဲ့ ငွေကျပ် ၆၇၂ ၈၃၅. ၂၆၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ၉၂၂၀ ကို ဖန်တီးပေးနိုင်မယ်လို့ ဇူလိုင်လ ၁၇ ရက် ပြုလုပ်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၉ ခုမှာ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍတို့ ဖြစ်ပါတယ်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခုမှာ သတ္တု၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍ၊ စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနဲ့ အိမ်ရာ အဆောက်အုံကဏ္ဍတို့ ဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေမှာ စွမ်းအင်ကဏ္ဍက စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈. ၃၃ ရာခိုင်နှုန်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍက ၂၄.၆၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍက ၁၄.၅၄ ရာခိုင်နှုန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လအထိ မြန်မာမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံ၊ ဒေသတွေမှာ စင်ကာပူ၊ တရုတ်၊ ထိုင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၂၀၂၁ အာဏာသိမ်းကာလနောက်ပိုင်း စစ်ကောင်စီက ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီမံကိန်းတွေဟာ တရားဝင်မှု မရှိဘူးလို့ ပြောဆိုထားပါတယ်။

Click to comment