Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

လက်နက်ချသွားတဲ့ ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ ဆင် ၁ ကောင်ကို သတ်ဖြတ် မီးရှို့မှု ကျူးလွန်ထားလို့ NUG ဆို

စစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်းသွားတဲ့ BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ သူရဲ့ တပ်ဖွဲ့ဝင်တချို့ဟာ သဘာဝဥယျာဉ်နယ်မြေထဲက ဆင်မ ၁ ကောင်ကို သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု အပါအဝင် ရာဇဝတ်ပြစ်မှု ၇ ခုကို ကျူးလွန်ထားတယ် NUG အစိုးရထံမှ သိရပါတယ်။

ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင် တချို့ဟာ ဥယျာဉ်နယ်မြေထဲမှာ ဆင်မ ပိုးအိစံကို သတ်ဖြတ် ခုတ်ထစ်မီးရှို့မှုကြောင့် ယင်းမာပင် ပြည်သူ့လုံခြုံရေးစခန်းမှာ (ပ) ၁၄/ ၂၆ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်လှစ်ပြီး ဆောင်ရွက်လျက် ရှိတယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မုဒိမ်းကျင့်ရန် ကြံစည်တယ်လို့ စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင် မင်းထက်နိုင်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်မှု၊ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိမ်းမှု ကျူးလွန်မှု၊ NUG ဂိတ်စခန်းကို စီးနင်းပြီး တာဝန်ရှိသူတွေကို ရိုက်နှက်ဖမ်းဆီးမှုနဲ့ သေနတ်နဲ့ ပစ်ခတ်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ PDF ရဲဘော် ဂတုံးကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုတို့ကိုလည်း ကျူးလွန်ကြောင်း တိုင်းတန်ချက် ရထားတဲ့အတွက် အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်တချို့ ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ရဲလုပ်ထုံး လုပ်နည်းတွေနဲ့ အညီ အမှုဖွင့် ဆောင်ရွက်ရာမှာ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လွှဲပြောင်း အပ်နှံပေးရန် အကြောင်းကြားခဲ့ပေမယ့် ၎င်းတို့က ကျူးလွန်သူတွေကို လွှဲပြောင်းပေးအပ်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်က NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာတို့က ရာဇဝတ်ပြစ်မှု ကျူးလွန်တယ်လို့ တိုင်းကြားခံရသူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ရာ BNRA တပ်ဖွဲ့ဝင်တချို့က ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ဟာ NUG အစိုးရတပ်ဖွဲ့တွေထံကို ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက်ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ လက်နက်အပ်နှံခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ NUG အစိုးရ တပ်ဖွဲ့တွေနဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းမှာ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ စစ်ကော်မရှင်တပ်ထံ လက်နက်ချ ပူးပေါင်းသွားတယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

နွေရာသီကာလရောက်လာပြီးဖြစ်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအစီအမံတွေ ထားရှိ၊ လုပ်ဆောင်သွားကြရန် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက သတိပေးနှိုးဆော်နေပါတယ်။ ထန်တလန်မြို့နယ်မှာ ဒေသခံပြည်သူတွေ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာမယ့် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မိမိနေအိမ်၊ ကျေးရွာတွေမှာ...