Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

လောက်တူဒေသမှာ အဖိုးတန် ပန်းမျိုးတွေ ရှာဖွေ ရောင်းဝယ်ခွင့် တားမြစ်

လောက်တူဒေသထဲမှာ သစ်မြစ်၊ သစ်ဖုတွေမှအပ အခြားအဖိုးတန် ပန်းမျိုးတွေကို ရှာဖွေ ထုတ်ယူခြင်း ရောင်းဝယ်ဖောက်ကားခြင်း မပြုတော့ဘူးလို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၈ ရက်မှာ ကြေညာပါတယ်။

သစ်မြစ်၊ သစ်ဖု ကောက်ခံရောင်းဝယ်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံချက် ရယူပြီး လောက်တူဒေသန္တရပြည်သူ့အုပ်ချုပ်ရေးရုံးကိုလည်း ခွင့်ပြုချက် လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၃ ရက်မှ စတင်လို့ လောက်တူပအဖရုံးက ခွင့်ပြုချက် မရှိဘဲ ဝယ်ယူကောက်ခံခြင်း၊ ရောင်းဝယ်ခြင်း ခွင့်မပြုဘူးလို့ ဆိုပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်သူကို ငွေဒဏ် ကျပ် ၁၀ သိန်းအပြင် အခြားစီမံခန့်ခွဲရေး ပြစ်ဒဏ်တွေ သင့်လျော်သလို ကျခံစေရမယ်လို့ အသိပေးပါတယ်။

အခြားဒေသက ဝယ်ယူတဲ့ အဖိုးတန်ပန်းမျိုးတွေကို လောက်တူဒေသအတွင်း ဖြတ်သန်းယူဆောင် လိုသူတွေအနေနဲ့ ဒီတားမြစ်ချက်ပါ လုပ်ငန်းစဉ်တွေ စနစ်တကျ ဆောင်ရွက်နိုင်ရေး ကူညီတဲ့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ရဲ့ တရားဝင် ထောက်ခံစာ ရရှိခြင်းနဲ့ ပူးပေါင်ဆောင်ရွက်ပေးကြဖို့ လောက်တူနယ်ဒေသ ပအဖက ထုတ်ပြန်ပါတယ်။

လောက်တူနယ်ဒေသဟာ ချင်းပြည်နယ်ထဲက ထန်တလန်၊ ဟားခါး နဲ့ မတူပီ စတဲ့ မြို့နယ် ၃ခုထဲမှာ နေထိုင်ကြတဲ့ လောက်တူချင်းမျိုးနွယ်စုတွေရဲ့ နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ချင်းတောင်ပေါ်က ပန်းမျိုးစိတ်များ

(Salai Naing Hung)

3 Comments
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး