Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဝိတိုရိယတောင်နယ်မြေမှာ တောင်ဇလပ်၊ ချယ်ရီနဲ့ သစ်ခွပန်းတွေ ခူးယူ၊ ချိုးယူရင် အရေးယူတော့မယ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မြို့မနယ်မြေနဲ့ ဝိတိုရိယတောင်ပေါ်က တောင်ဇလပ်၊ ချယ်ရီနဲ့ သစ်ခွပန်းတွေကို ခူးယူတာ၊ အကိုင်းအခက် ချိူးယူတာတွေ ပြုလုပ်ရင် ဇန်နဝါရီလ ၁၁ ရက် စတင်လို့ အရေးယူတော့မယ်လို့ သိရပါတယ်.

ခရီးသွားတွေအကြား နာမည်ကျော်ကြားတဲ့ ဝိတိုရိယတောင် ခေါ် ခိုနုမ်းသုန်တောင်ရှိတဲ့ ကန်ပက်လက်မြို့နယ်ထဲက အများပြည်သူတွေဟာ တောင်ဇလပ်၊ ချယ်ရီနဲ့ အခြားသစ်ခွပန်းတွေ ခူးယူ သယ်ဆောင်တာ၊ အကိုင်းအခက်တွေ ချိုးယူတာတွေ ပိုမိုပြုလုပ်လာနေကြတယ်လို့ CDF – ကန်ပက်လက်၊ တူပီးတပ်ရင်းထံမှ သိရပါတယ်။

တောင်ဇလပ်နဲ့ ချယ်ရီတို့ဟာ အပင်၊ အကိုင်အခက်တွေကို ခုတ်ယူဖန်များလာရင် မျိုးမပွားနိုင်တာ၊ အပင်သေဆုံးတာတွေအထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ကျူးလွန်းသူတွေကို ဒဏ်ငွေရိုက်တာ၊ ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်မှာ ဖြစ်ပြီး ဒီထုတ်ပြန်ချက်ဟာ ကန်ပက်လက်မြို့နယ်တခုလုံးကို အကြုံဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်က စတင်ပြီး CDF – ကန်ပက်လက်ဟာ ကန်ပက်လက်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

တောင်ဇလပ်ပန်း ပွင့်လန်းနေမှုဟာ ဝိတိုရိယတောင်ကို လာရောက်လည်ပတ်တဲ့ ခရီးသည်တွေကြား စွဲမက်ဖွယ် ကောင်းအောင် ဆွဲဆောင်မှု ရှိသလို မျိုးသုဉ်းပျောက်ကွယ်လု ဖြစ်နေတဲ့ ငှက်မျိုးစိတ်တွေအပါအဝင် အခြားငှက်မျိုးစိတ်များစွာကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဓါတ်ပုံ – HKL

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး