Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

သဘာဝ ရေ၊ မြေ၊ တောတောင်၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ချင်းအမျိုးသားနေ့မှာ ချင်းပြည်သူ့အစည်းအရုံး ထုတ်ပြန်

မိမိတို့ရဲ့ သဘာဝ ရေ၊ မြေ၊ တောတောင်၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု စတဲ့ အရာတို့ကို ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းစောင့်ခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ချင်းပြည်သူ့ အစည်းအရုံးက ကြေညာပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) က ချင်းပြည်သူလူထုသို့ ပေးပို့တဲ့ သဝဏ်လွှာ အဲဒီလို အသိပေး ကြေညာပါတယ်။

ဒီနေ့ ကျရောက်တဲ့ ချင်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ မိမိတို့ရဲ့ အမျိုးသားရေး ဝိသေသ လက္ခဏာတွေကို ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့ သဘာဝ ရေ၊ မြေ၊ တောတောင်၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု စတဲ့ အရာတို့ကို ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းစောင့်ခြင်းဟာ ချင်းတစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်သလို စစ်အာဏာရှင်တော်လှန်ရေးမှာ မိမိ စွမ်းနိုင်ရာက တော်လှန်ရေးတာဝန်တွေကိုလည်း ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြဖို့ လိုအပ်တယ်လို့ ချင်းပြည်သူ့ အစည်းအရုံးက ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ မိမိတို့ရဲ့ အတိတ်သမိုင်းကို အစစ်အမှန်အတိုင်း ပြန်လည်သုံးသပ်ပြီး ချင်းတစ်မျိုးသားလုံးရဲ့ အနာဂါတ်အတွက် ပိုမိုလုံခြုံခိုက်ခံ့တဲ့ ချင်းအမျိုးသားရေးကို ပညာသတိ အမြော်အမြင်ကြီးစွာနဲ့ တည်ဆောက်ရမယ့် အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ချင်းအမျိုးသားတို့ရဲ့ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းကို ချင်းတော်လှန်ရေး အဖွဲ့တွေကြား၊ အခြားတော်လှန်ရေး မဟာမိတ်တွေနဲ့အတူ အပြန်အလှန် အကျိူးပြုပြီး ချင်းလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုရင်း ရွေးချယ်လျှောက်လှမ်းရမယ်လို့ ဆိုပါတယ်။

ချင်းတစ်မျိုးသားလုံးရဲ့ အနာဂါတ် နိုင်ငံရေးလမ်းကြောင်းဟာ အခုချိန်ထက် ပိုအရေးကြီးတဲ့ အချိန်ရှိလိမ့်မယ် မဟုတ်ကြောင်းလည်း CPU/ CPA က အသိပေးထားပါတယ်။

ဒီလိုအရေးပါတဲ့ သမိုင်းအချိုးအကွေ့မှာ မိမိတို့ရဲ့ တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းအစွဲ၊ ဝါဒအစွဲ၊ လူမျိုးအစွဲ၊ လူမျိုးရေး မုန်းတီးမှုတွေကို ကျော်လွှားပြီး ရေရှည်လုံခြုံမှုနဲ့ အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မယ့် ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံကနေ တည်ဆောက်ကြဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ပါတယ်။

လွတ်လပ်ရေး၊ အမျိုးသားတန်းတူရေး၊ မိမိကြမ္မာ မိမိဖန်တီးရေးတို့အတွက် တော်လှန်သွေးသစ်လောင်းပြီး အားသစ်အင်သစ်နဲ့ ချင်းတစ်မျိုးသားလုံး၊ တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာနဲ့ အရေးတော်ပုံကြီး အောင်မြင်ပြီးဆုံးတဲ့အထိ ဦးလည်မသုန် တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်သူ့ အစည်းအရုံးက ထုတ်ပြန်ပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

နွေရာသီကာလရောက်လာပြီးဖြစ်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအစီအမံတွေ ထားရှိ၊ လုပ်ဆောင်သွားကြရန် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက သတိပေးနှိုးဆော်နေပါတယ်။ ထန်တလန်မြို့နယ်မှာ ဒေသခံပြည်သူတွေ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာမယ့် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မိမိနေအိမ်၊ ကျေးရွာတွေမှာ...